Friday, October 28, 2016

ဒက္ခိဏသီရိမြို့နယ် ဂွေးတောက်ရိုးကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာတွင်းရိစာလမ်းသစ် နှင့်ရေထုတ်မြောင်းဖွင့်ပွဲကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၂၈
ကျေးလက်နေပြည်သူလူထု၏ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားတိုးတက် လာစေရန်ရည်ရွယ်၍ ကိုးရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၏ ကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်သော ဆယ်မာအူးလ်အွန်ဒုံ စီမံကိန်း လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်ပါဝင်သည့် ကျေးရွာတွင်းရိစာလမ်းသစ်နှင့် ကျေးရွာတွင်းရေထုတ်မြောင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဂူနှစ်လုံး ဆည်စုကျေးရွာအုပ်စု၊ ဂွေးတောက်ရိုးကျေးရွာတွင်ကျင်းပသည်။


အခမ်းအနားတွင် ဒက္ခိဏခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှညိမ်းက အကောင်အထည်ဖေါ် ဆောင်လျှက်ရှိသည့် ကျေးရွာသစ်စီမံကိန်း (SMU) လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကိုးရီးယားနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ Mr.Kim,Dong In နှင့် စေတနာ့ဝန်ထမ်း ဒေါ်ပုလဲဖြူတို့က ကျေးရွာသစ်စီမံကိန်း (SMU) စီမံကိန်းပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအတွက် ဂုဏ်ပြု စကားများကိုလည်းကောင်း အသီးသီးပြောကြားကြရာ ဂွေးတောက်ရိုး ကျေးရွာ ဆယ်မာအူးလ်အွန်ဒုံစီမံကိန်း အဖွဲ့ဝင် ဦးဝင်းမြင့် က ကျေးရွာပြည်သူလူထုကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ကျေးရွာတွင်း ရိစာလမ်းသစ်နှင့်ကျေးရွာတွင်း ရေထုတ်မြောင်းအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှညိမ်း၊ ကိုးရီးယားနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) မှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ ယနေ့ဖွင့်လှစ်သည့်  ကျေးရွာတွင်း ရိစာလမ်းသစ်မှာ အရှည်(၁၉၉၄)ပေ၊ အကျယ်(၁၁)ပေရှိပြီး ကုန်ကျငွေကျပ်သိန်း (၁၃၄) ကျော်နှင့်ရေထုတ်မြောင်း အရှည်(၁၆၃)ပေ အကျယ်(၂)ပေ ကုန်ကျ ငွေကျပ် (၅) သိန်းကျော် ကုန်ကျခံဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment