Friday, October 28, 2016

မွေးမြူရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းများကိုသွားရောက်လေ့လာ

နေပြည်တော်၊ စက်တင်ဘာ ၂၈
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ချိုင်းရွာအုပ်စု မဲဒီးကျေးရွာမှ S M U C ဆယ်မားအူအွန်ဒုံ ကျေးရွာသစ် စီမံကိန်းဥက္ကဋ္ဌ ဦးအောင်ထွန်း၊ စိုက်ပျိုးရေးတာဝန်ခံ ဦးဖြိုးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များသည် စီမံကိန်း၏ ကဏ္ဍတစ်ရပ် ဖြစ်သည့် ၀င်ငွေတိုးပွား ရရှိစေရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို နည်းစနစ် တကျ



လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် စက်တင်ဘာ(၂၇)ရက်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်းရှိ G.A.P စနစ်ဖြင့်စိုက်ပျိုးထားသည့် အဆင့်မြင့် ဟင်းသီးဟင်းရွက် စိုက်ခင်းသို့သွားရောက်၍ စိုက်ပျိုးထား သည့်နည်းစနစ်များကို လေ့လာခဲ့ကြသည်။
ထို့နောက် မဲဒီးကျေးရွာမှ S M U C ဆယ်မားအူအွန်ဒုံ ကျေးရွာသစ်စီမံကိန်း ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် တပ်ကုန်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာ မွေးမြူရေးခြံနှင့် စိုက်ပျိုးရေး သုတေသနခြံများသို့သွားရောက်၍ မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို လေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment