Tuesday, October 11, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့် ရုရှားနိုင်ငံ သံအမတ်ကြီးတို့အား သီးခြား စီလက်ခံတွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၁၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စ တူနယ် တီးနပ်(စ်) အား ယနေ့ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ နီကိုလိုင်း လစ်တိုပါဒေါ့ပ် အား မွန်းလွဲ ၃ နာရီတွင်လည်းကောင်း


 နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီလက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံရေးနှင့် လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ကြသည်။

No comments:

Post a Comment