Saturday, October 1, 2016

ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ရခိုင်ပြည်နယ်အတွင်းရှိ လမ်း၊တံတားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁
ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် စက်တင်ဘာ ၃၀ရက် မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌  ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရခိုင် ပြည်နယ်အတွင်းရှိ လမ်းတံတား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များနှင့် စပ်လျဉ်း၍  ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စု ၀န်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဆတ်ရိုးကျ တံတားတည်ဆောက်မည့်နေရာသို့ ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရာတွင် လူနေအိမ်များအတတ်နိုင်ဆုံး လွတ်ကင်းရန်နှင့် အသင့်တော်ဆုံး တံတားပုံစံအား ရွေးချယ်ပြီး အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ၀န်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် စစ်တွေမြို့၊ လမ်းဦးစီးဌာန၊ ပြည်နယ် ညွှန်ကြားရေးမှူး ရုံးတွင် ပြည်နယ်၊ခရိုင်၊မြို့နယ်၊ အထူး အဖွဲ့များနှင့် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

No comments:

Post a Comment