Monday, September 12, 2016

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ WESTMINISTER FOUNDATION FOR DEMOCRACY (WFD)အဖွဲ့အား တွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၁၂
ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်သည် WESTMINISTER FOUNDATION FOR DEMOCRACY (WFD)အဖွဲ့အား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံရေးရာဆောင် အဆောင်အမှတ်(I-7)အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် WFD အနေဖြင့် လွှတ်တော်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးမည့် အစီအစဉ်များနှင့် လွှတ်တော်များ၏ ဥပဒေပြုရေး အခန်းကဏ္ဍ မြှင့်တင်နိုင်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော် အထောက်အကူပြု ၀န်ထမ်းများအား အတွေ့အကြုံနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment