Thursday, September 8, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ Defence Expo Korea 2016 ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

နေပြည်တော် စက်တင်ဘာ ၈
ကိုးရီးယားသမ္မတနိုင်ငံ၌ ကျင်းပသည့် Defence Expo Korea 2016 ပြပွဲ ဖွင့်ပွဲအခမ်းအနားအား Kintex မြို့တွင် စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့များ၊ ပြပွဲတက်ရောက်လာကြသည့် နိုင်ငံများမှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကိုရီးယားတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jang Junkyu နှင့် ပြပွဲဆိုင်ရာ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကိုရီးယားတပ်မတော်တေးဂီတအဖွဲ့မှ သီဆိုသရုပ်ပြသမှုများအား ကြည့်ရှုကြကာ   ပြခန်းအတွင်း ပြသထားသော ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကိုရီးယားတပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ပြပွဲခန်းမအတွင်းရှိ Bilateral Meeting Room ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားရှိ ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက် ဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။

ညပိုင်းတွင် JWMARRIOTT ဟိုတယ်၌ ကိုရီးယားတပ်မတော် ကြည်းတပ်ဦးစီးချုပ်မှ တည်ခင်းဧည့်ခံသည့် Defence Expo Korea 2016 ပြပွဲဖွင့်ပွဲ အထိမ်း အမှတ်ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment