Wednesday, September 21, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်၊ ဒိန်းမတ်ဝန်ကြီးချုပ်၊ မက္ကဆီကိုသမ္မတ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ


နယူးယောက် စက်တင်ဘာ ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova  တို့သည် ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် လည်း ကောင်း၊ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် Mr.Lars Lokke Rasmussen  နှင့် နံနက် ၁၀ နာရီတွင် လည်းကောင်း ၊ မက္ကဆီကိုနိုင်ငံ သမ္မတ Mr. Enrique Pena Nieto  နှင့် နံနက် ၁၀ နာရီခွဲတွင် လည်းကောင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် မစ္စစ် ရှိတ်ဟာဆီနာနှင့် နံနက် ၁၁ နာရီ တွင် လည်းကောင်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်း တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာန ချုပ်၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ကာအထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံကို နှစ်စဉ် စက်တင်ဘာလ တတိယပတ်၏ အင်္ဂါနေ့တွင် စတင်ကျင်းပကြောင်း သိရှိရသည်။

No comments:

Post a Comment