Thursday, September 29, 2016

ကျောင်းသား အားကစားပွဲတော် ပြန်လည်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိ


နေပြည်တော် စက်တင်ဘာ ၂၈
ကျောင်းသားအားကစားပွဲတော်အား ပြန်လည်ကျင်းပပေးနိုင်ရေးအတွက် ပညာ ရေး ၀န်ကြီး ဌာနအနေဖြင့် စီမံချက်ရေးဆွဲပြုစု၍ ခွင့်ပြုရန်ပုံငွေဖြင့် အစဉ်အလာ၊ စွမ်းရည် ကောင်းသော အားကစားပြိုင်ပွဲများအတွက် သက် ဆိုင်ရာ ၀န်ကြီးဌာနများ၊ အားကစား အဖွဲ့ချုပ်များနှင့် ပူးပေါင်း စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

ထို့ပြင် ၂နှစ် တစ်ကြိမ်ကျင်းပသော အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games)တွင်လည်း ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ၂၀၁၆ ခုနှစ် တွင် စင်ကာပူ နိုင်ငံ၌ကျင်းပသော (၁၈)ကြိမ်မြောက် အာဆီိယံ တက္ကသိုလ်များ အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံ မှဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နည်းတူ အခြားနိုင်ငံများမှ ဖိတ်ကြား သည့် အားကစားပြိုင်ပွဲ များသို့လည်း သွားရောက်ယှဉ်ပြိုင်လျက်ရှိပါကြောင်း၊ အာဆီယံ တက္ကသိုလ်များ အားကစားပြိုင် ပွဲကို ၂၀၁၈ ခုနှစ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
အားကစားပြိုင်ပွဲများကို နိုင်ငံတကာပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပနိုင် ရေးအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့်ပေါင်းစပ်ပြီး ကူညီပံ့ပိုး ပေးခြင်း၊ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အားကစားကွင်း၊ အားကစား ရုံများ စီစဉ်ပေးခြင်း တို့ကို လိုအပ်ချက်များ အပေါ်မူ တည်ပြီး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၄၀ ရက်မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) မှ မန်းထွန်းကြိုင်၏ “ကျောင်းသားလူငယ် အားကစားပွဲတော် ကို နိုင်ငံတော်မှ ကျင်းပပြုလုပ် ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးကျော်တုတ်၏ “ကျောင်းသား အားကစားပြိုင်ပွဲ များ နိုင်ငံတော်အဆင့်အထိ အဆင့် ဆင့်ကျင်းပပေးရန် အစီအစဉ်ရှိ/မရှိမေး ခွန်း တို့နှင့်စပ်လျဉ်း ၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါ အတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားအားကစား ပွဲတော်များကို ၁၉၉၀-၁၉၉၁ ပညာသင်နှစ်မှ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်အထိ (၈) ကြိမ်ကို တိုင်းဒေသကြီး နှင့် ပြည်နယ်မြို့တော်များ၌ အလှည့်ကျစနစ်ဖြင့်လည်းကောင်း၊ ၂၀၁၁-၂၀၁၂ ပညာ သင် နှစ် မှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အထိ (၂) ကြိမ်ကို နေပြည်တော်၌ လည်းကောင်း ကျင်းပ ပေးခဲ့ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာရေးပြက္ခဒိန်ပါလ အလိုက် ဇူလိုင်နှင့် သြဂုတ်လများတွင် ကျောင်းတွင်း အားကစားပြိုင်ပွဲများကို လည်းကောင်း၊ စက်တင်ဘာတွင် မြို့နယ်ကျောင်းသား အားကစားပြိုင်ပွဲ များကိုလည်း ကောင်း၊ နိုဝင်ဘာတွင် ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကျောင်းသား အားကစားပြိုင် ပွဲများ ကိုလည်းကောင်း၊ သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများကိုလည်းကောင်း၊ ပညာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာန မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းကျင်းပ ပေးလျက်ရှိပါ ကြောင်း။
အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များ တွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ လှေလှော်၊ ကြက်တောင်၊ စားပွဲ တင်တင်းနစ်၊ ပြေးခုန်ပစ်စသည့် အားကစားပြိုင်ပွဲများကို တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များအလိုက် ဇုန်အလိုက်၊ ဦးစီးအဆင့်အလိုက် ကျင်းပဆောင်ရွက် လျက်ရှိပါ ကြောင်းဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင် က ပြည်သူ့ လွှတ်တော်က ပြင်ဆင် ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း ၍ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စား လှယ် များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာ သည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က “၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင် ခံစာကို ဖတ်ကြားရှင်းလင်းပြီး လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးမင်းဦး က ယင်းဥပဒေကြမ်းအား အတည်ပြုပေးရန် အဆိုတင်သွင်းသည်။

လွှတ်တော်ဥက္ကဋ္ဌက “၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ် အဖွဲ့ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုပြီး ဥပဒေကြမ်း တစ်ရပ်လုံး ကို ပြင်ဆင်ထား သည့်အတိုင်း အတည်ပြုခဲ့ သည်။

No comments:

Post a Comment