Wednesday, September 14, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့သို့ ရောက်ရှိ


ဝါရှင်တန်ဒီစီ  စက်တင်ဘာ ၁၄
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ညနေပိုင်းက လန်ဒန်မြို့မှ ထွက်ခွာ ခဲ့ရာ ညပိုင်းတွင် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ သို့  ရောက်ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်လင်း၊ အမေရိကန် သံတမန်ဌာန အကြီးအကဲ Ambassador Peter A. Selfridge၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန် ရှိ သူများက   ဒါးလက်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် နိုင်ငံတော် ဧည့်ဂေဟာ Blair House သို့ ရောက်ရှိကြသည်။ 

No comments:

Post a Comment