Wednesday, September 21, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၃၆) ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၀
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၆) ရက်မြောက် နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ပြည်သူ့လွှတ်တော် အစည်း အဝေး ခန်းမ၌ ကျင်းပရာ မေးခွန်း ၆ ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်း တစ်ခုတင်သွင်းခြင်း၊ လေ့လာ တွေ့ရှိချက် အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် နိုင်ငံ သား များ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ် ပေးရေး ဥပဒေကြမ်း ၏ ပြင်ဆင်ချက်အဆိုများကို ဆွေးနွေးခဲ့ ကြသည်။
ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၏ မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလ-ရန်ကုန်တံတားတည်ဆောက်ရေး နှင့်ပတ်သက်၍ မူလရေးဆွဲထားသော တံတားဒီဇိုင်း သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် JICA တို့ ပူးပေါင်းရေး ဆွဲနေသော 2040 Yangon City Plan နှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်း၊ ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်ပေါ်စေ ခြင်းများ ကြောင့် တံတားစီမံကိန်း ရပ်ဆိုင်းရပါက ဒလ-ရန်ကုန်တံတား တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၏ ငပုတောမြို့နှင့် လပွတ္တာမြို့နယ်တို့အား ဆက်သွယ်ဖောက်လုပ်ထားသော သက္ကယ်သောင်မြစ်ကူး တံတားကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင် တည်ဆောက် မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ ကစ္ဆပနဒီမြစ် ကူးတံတား တည်ဆောက် ရန်အတွက် ဖယ်ရှား ခံခဲ့ရသော အိမ်နှင့် ခြံမြေများထဲမှ ယခုအချိန်အထိ အစားမရရှိသေး သည့် အိမ်ထောင်စုများအတွက် အိမ်ရာမြေများ ပြန်လည် အစားထိုး ချထားပေး ရန် အစီအစဉ်ရှိ/မရှိမေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင် က ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF ချေးငွေ၊ မြန်မာအစိုးရ ထည့်ဝင်ငွေ တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး လမ်း မတော်မြို့နယ်နှင့် ဒလမြို့နယ် ကို ဆက်သွယ် သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေးနှင့် ပတ်သက်ပြီး မူလရေးဆွဲထားသော တံတား အူကြောင်း နှင့် တံတားဒီဇိုင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် JICA တို့ ပူးပေါင်း ရေးဆွဲနေသော 2040 Yangon City Plan တွင် မပါဝင်ဘဲ JICA မှ 2040 Yangon Strategic Urban Development Plan(SUDP) စီမံကိန်းရေး ဆွဲခြင်းနှင့် ဆောက် လုပ် ရေးဝန်ကြီးဌာနမှ ဒလချစ်ကြည်ရေး တံတား တည်ဆောက်ရေး စီမံကိန်း နှစ်ခုကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင် တစ်ပြိုင် တည်းဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒလတံတားစီမံကိန်း ကို ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီး အစိုးရတို့၏ အတည်ပြု ချက်ဖြင့် ပွင့်လင်း မြင်သာစွာ ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
JICA မှ 2040 Yangon Strategic Urban Development Plan(SUDP)ကို ရန်ကုန်မြို့၏ လက်ရှိအခြေအနေများ၊ အနာဂတ် လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပြန်လည်ပြင် ဆင်ရေးဆွဲခြင်းကို ဆောင်ရွက်နေ ပါကြောင်း၊ ရန်ကုန်ဘက်ကမ်း လမ်း မတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဒလမြို့နယ် ကမာကဆစ်ရပ် ကွက် ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ထား သည့် လမ်းအူကြောင်းသည် ထိခိုက်မှု အနည်းဆုံး လမ်းကြောင်းဖြစ်သည့် အတွက် ရွေးချယ်ထားခြင်းဖြစ်ပါကြောင်း။
တည် ဆောက်ရေးကန်ထရိုက်တာရွေးချယ်ပြီးပါက တံတားတည်ဆောက်ရေး လုပ်ငန်းအား ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဒလ တံတား အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် ပြီးစီးရန် စီစဉ်ရေး ဆွဲထားပါကြောင်း။
တံတားတည်ဆောက်စဉ်ကာလအတွင်း ယာဉ်ကြောကြပ်တည်းမှု အနည်း ဆုံး ဖြစ်စေရေး အတွက် ကိုရီးယားအတိုင်ပင်ခံကုမ္ပဏီနှင့် Traffic Management ကို အသေးစိတ်တွက်ချက်စီစဉ်သွားမည်ဖြစ်ပါကြောင်း၊ အခြားနေရာတွင် ဒလ-ရန်ကုန် တံတား သို့မဟုတ် မြစ်ဖြတ်ရေးလိုဏ်ခေါင်း တည်ဆောက်ပေးရန် စီစဉ်ထားခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က သက္ကယ်သောင်မြစ်ကူးတံတားသည် မူလမြစ်အကျယ် ကမ်းပါးနှစ်ဖက် အကွာအဝေး ပေ(၈၀၀၀)ရှိသည့်အတွက် အရှည် (၉၅၀၀)ပေခန့်ရှိ တံတားတစ်စင်းအဖြစ် တည်ဆောက် ရ မည်ဖြစ် ကြောင်း၊ ငွေကြေး ကုန်ကျမှုပမာဏများပြားသည့်အတွက် ၂၀၁၁ ခုနှစ်တွင် မြစ်ကျဉ်းနေရာမှ လမ်းသစ် ပြန်ရှာပြီး လမ်းအူကြောင်းအသစ် ရှာဖွေခဲ့ကြောင်း။
လမ်းသစ်တွင် ကျောက်ဖျာလေးကျေးရွာမှ ရေဘော်ကြီးကျေးရွာအထိ (၂၀)မိုင် (၇)ဖာလုံရှိကာ တစ်ကြောင်းထိုးလမ်း (၁၄)မိုင် (၃)ဖာလုံဆောင်ရွက်ခဲ့ပြီး မြေ သား တာဘောင် တင်ကာ (၆)မိုင်(၃)ဖာလုံနှင့် အမာခံလမ်း(၁) ဖာလုံဆောင်ရွက် ခဲ့ပါကြောင်း၊ တံတားကြီး၊ တံတားငယ် (၇)စင်း တည်ဆောက်ရန် ရှိပါကြောင်း၊ တံတား(၁)စင်း သည် ဆောင်ရွက် ဆဲဖြစ်ပြီး ကျန်(၆)စင်းအနက် သက္ကယ်သောင်မြစ်တွင် ကမ်းနှစ်ခု အကွာ အဝေး အကျယ် ပေ(၂၅၀၀)ရှိသည့်အပြင် သင်္ဘောကြီးများ သွားလာနိုင် သည့် မြစ်ဖြစ် သည့်အတွက် ပေ(၄၀၀၀)ခန့်အရှည်ရှိ တံတားအဖြစ် တည်ဆောက် ရမည် ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေ ရင်းရန်ပုံငွေကျပ် (၇၆၆ ဒသမ ၀၀)သန်း လျာထားတင်ပြ အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ၁၉၉၇ ခုနှစ် ကစ္ဆပနဒီတံတားစီမံကိန်း စတင်ချိန်၌ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်မှ အိမ်ထောင်စု (၆၉)စုအား တံတားတည်ဆောက်ရန် စီမံကိန်း နယ်မြေအတွင်းကျရောက်သဖြင့် ပြောင်းရွှေ့သယ်ယူစရိတ်အဖြစ် အိမ်ထောင်စုတစ်စု လျှင် ငွေကျပ်နှစ်သောင်း ထောက်ပံ့ကြေးပေးခဲ့ပါကြောင်း၊ အစားထိုးမြေကွက် သစ်များကိုလည်း ရန်ကုန်-စစ်တွေကား လမ်း အနောက်ဘက် ကစ္ဆပရပ်ကွက်၌ (၆၀ x ၅၀) ပေမြေကွက်များ ချထားပေးခဲ့ရာ ဦးကျော်ထွန်းစိန် ပါ (၄၇)ဦးမှာ မြေကွက်များ ရယူခဲ့ကြောင်း၊ ဦးစံကျော်အောင် ပါ (၂၂)ဦးမှာ မြို့နှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် ကြံစိုက်ခင်း များ၌ နေရာ ချထားပေးရန် တင်ပြခဲ့ရာ ၎င်းအချိန်က မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဦးစောအောင်က အထက်အဖွဲ့အစည်း ထံ တင်ပြဆောင်ရွက်ရေးအတွက် တစ်နှစ်၊ နှစ်နှစ်စောင့်ဆိုင်းပေးရန် အကြောင်း ပြန်ခိုင်းခဲ့ သည်ကို သိရပါကြောင်း၊ ယခုတောင်းဆိုသည့် ရွှေမင်းဂံ ကွက်သစ်မြေ နေရာသည် စိုက်ပျိုးရေးသိပ္ပံကျောင်းမြေနေရာအတွင်း ကျရောက်နေသဖြင့် အစားထိုး နေရာချထားပေးရန် အစီအစဉ် မရှိပါကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင် က ရှင်းလင်းဖြေကြားသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုဥပဒေကြမ်းကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်း က မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင် ခံစာကို ဖတ်ကြား ရှင်းလင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ် လျဉ်း ၍ ပြင်ဆင်ချက် ၁၅ ချက်ကို လွှတ်တော် သို့တင်သွင်းရာ ဥပဒေကြမ်းကော် မတီ၏ ပြင်ဆင်ချက်များအတိုင်း ဥပဒေကြမ်း၏ အစိတ် အပိုင်း အဖြစ် အတည်ပြုကြောင်း လွှတ်တော် က ကြေညာသည်။
ယင်းနောက် ဥပဒေကြမ်းကော်မတီကတင်သွင်းသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်းပါ အပိုဒ်၊ အပိုဒ်ခွဲ များနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ က ပြင်ဆင်ချက် အဆိုများကို ဆွေးနွေး ကြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ် မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်း တစ်ရပ်လုံး ကို ပြင်ဆင် ထား သည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

No comments:

Post a Comment