Thursday, September 8, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ဗီယင်ကျန်း  စက်တင်ဘာ ၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ အမျိုးသားကွန်ဗင်းရှင်းဗဟို ဌာန၌ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးနှင့် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဗီယင်ကျန်းမြို့ အမျိုးသား ကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသည့် (၁၄)ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေးနှင့်  ဒေသစံတော်ချိန် ၁၀ နာရီ  မိနစ် ၄၀ တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာဆီယံ -အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် ဒေသ စံတော်ချိန် နံနက် ၁၂ နာရီခွဲ တွင် ဆက်လက် ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် သည်။
အဆိုပါ အစည်းအဝေးများသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ဆွေးနွေးဘက်နိုင်ငံများမှ နိုင်ငံအကြီးအကဲ များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံ များမှဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊  အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြည်တွင်း ပြည်ပမှ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ၀ပ်တေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ လာအိုနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး H.E.Mr.Borviengkham Vondara လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ သံရုံးမိသားစုများနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျောင်တင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံး ယာယီတာဝန်ခံနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယန်ကျင်းမြို့ရှိ အမျိုးသား ကွန်ဗင်းရှင်းဗဟိုဌာန၌ ယနေ့ညနေပိုင်းတွင် ဒေသ တွင်းဘက်စုံ စီးပွားရေး မိတ်ဘက် ပြုမှုဆိုင်ရာ နိုင်ငံခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်း အခမ်းအနား၊ (၂၈) ကြိမ်နှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားနှင့် ၂၀၁၇ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့် ဖိလစ်ပိုင်သမ္မတနိုင်ငံသို့ အာဆီယံဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment