Sunday, September 4, 2016

ဘရူနိုင်းဘုရင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်တွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင့်နန်းတော်၌ ဘရူနိုင်းဘုရင်အား သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံ မှုများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ပါရန် ဖိတ်ခေါ် အပ်ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား သင်တန်းသားများ အပြန်အလှန်စေလွှတ် ၍လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွား လိုပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဘရူနိုင်းဘုရင်က နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား သင်တန်းသားများ အပြန်အလှန်စေလွှတ်၍ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကိုလည်း ကြိုဆိုပါကြောင်း ပြန်လည်ဆွေးနွေးပြောကြား သည်။
သီးခြားတွေ့ဆုံ
ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့် ဘရူနိုင်း ဘုရင်၏ မိဖုရားတို့သည် ဘုရင့်နန်းတော်အတွင်း၌ သီးခြားတွေ့ဆုံခဲ့ကြသည်။
ဘုရင့်အထိမ်းအမှတ်ပြတိုက် လေ့လာတွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များ သည် Royal Regalia ဘုရင့်အထိမ်းအမှတ်ပြတိုက်သို့ သွားရောက်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ယနေ့ နံနက်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူ လှတို့သည် ဘရူနိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများနှင့်အတူ ဘရူနိုင်းနိုင်ငံ၏ မြို့တော်ရှိ အစ္စလာမ် ဘာသာဝတ်ပြုကျောင်းMasjid Sultan Omar Ali Saifuddin သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ဘန်ဒါဆရီ ဘီဂါဝန်အနီးKampong Ayer ရေပေါ်ရွာသို့ သွားရောက်ကာ Kampong Ayer Cultural and Tourism Gallery သို့ ရောက်ရှိလေ့လာကြသည်။

No comments:

Post a Comment