Thursday, September 22, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများနှင့် အာဆီယံ ဒုတိယ အတွင်းရေးမှူး ချုပ်တို့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင် ၀န်ကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူး ချုပ် H.E Dr. Lim Hong Hin တို့အား ယနေ့ နံနက်(၉)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 တွေ့ဆုံစဉ် အဆီယံအဖွဲ့ဝင်နိုင်ငံများ  စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး အာဆီယံ အဖွဲ့ဝင် ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ အင်ဒို နီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ စွမ်းအင်ဝန်ကြီးများနှင့် အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ် တို့ တက်ရောက်ကြသည်။

No comments:

Post a Comment