Tuesday, September 6, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်သံတမန်ဆောင် ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ စီးပွားရေးနှင့် စီမံကိန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး၊ ကျေးလက်ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက် ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 

No comments:

Post a Comment