Friday, August 26, 2016

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာနမှ Minister of State ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား တွေ့ဆုံ


နေပြည်တော်၊ သြဂုတ် -၂၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဗြိတိန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ Minister of State Mr.Roderick James
Nugent Stewart ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ လွှတ်တော်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ လွှတ်တော်များ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဗြိတိန်နိုင်ငံနှင့် ဗြိတိန်လွှတ်တော်တို့မှ ကူညီထောက်ပံ့မှု အစီစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်မှ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မြသောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခွန်ဝင်းသောင်း၊ ပြည်ထောင်စု လွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

No comments:

Post a Comment