Friday, August 26, 2016

ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလာရောက်တွေ့ဆုံ


နေပြည်တော် သြဂုတ် ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Daisy Dell သည် ယနေ့နံနက် (၁၁)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကိစ္စ၊ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စ၊ နိုင်ငံတော် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုကိစ္စ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပညာရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် လတ်တလောလိုအပ်ချက် များအတွက် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနေမှုကိစ္စ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိစ္စ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNHCR တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တိုင်းရင်းသားများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု၏ အောင်မြင်ဖြစ်ထွန်းမှုများနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများအား ဆွေးနွေးသည်။

No comments:

Post a Comment