နေပြည်တော်
ဇူလိုင် ၎
၅၃
ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့အထိ ဆက်လက် ကျင်းပရာ ယူရိုငွေ ၅၃ ဒသမ ၀၉ သန်းတန်ဖိုးရှိ
ကျောက်စိမ်း အတွဲပေါင်း ၂၁ တွဲကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ကြောင်း
ပြပွဲကျင်းပရေးကော်မတီမှ သိရသည်။
ယခင်နေ့များက
ပုလဲအတွဲပေါင်း ၃၁၂ တွဲကို ယူရို ၃ဒသမ၁၂ သန်း၊ ကျောက်မျက်အတွဲပေါင်း ၆၃ တွဲကို
ယူရို ၃ဒသမ၂၉သန်း၊ ကျောက်စိမ်းအတွဲ ၃၉၀၁ တွဲကို ယူရို ၄၈၀ ဒသမ ၂၀ သန်းရောင်းချခဲ့ပြီးဖြစ်၍
စုစုပေါင်းရောင်းချရငွေမှာ ယူရို ၄၈၆ ဒသမ ၆၁ သန်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်
၅ ရက်နေ့တွင် ကျောက်စိမ်းအတွဲ ၆၀ နှင့် ဇူလိုင် ၆ ရက်နေ့တွင် ကျောက်စိမ်းအတွဲ ၄၆
တွဲကို ဈေးပြိုင်စနစ်ဖြင့် ဆက်လက်ရောင်းချသွားမည် ဖြစ် ကြောင်းသိရသည်။

No comments:
Post a Comment