Monday, July 25, 2016

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ အစည်းအဝေးများသို့ တက်ရောက်


ဗီယင်ကျန်း  ဇူလိုင် ၂၅
လာအိုနိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည်  ယနေ့နံနက်ပိုင်း တွင် ဗီယင်ကျန်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်း ဗဟိုဌာန၌ ကျင်းပသည့် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ ၀န်ကြီးအဆင့်အစည်း အဝေးဖြစ်သည့် အာဆီယံ - တရုတ် နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေးသို့  တက်ရောက်သည်။



အာဆီယံ- တရုတ် ၀န်ကြီးအဆင့်အစည်းအဝေးကို ဒေသစံတော်ချိန် နံနက် ၁၀  နာရီ တွင် ကျင်းပရာ အာဆီယံ-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ပြီး အာဆီယံအသိုက် အ၀န်းထူထောင်ရေးတွင် တရုတ်နိုင်ငံက ဆက်လက်ကူညီ ထောက်ပံ့သွားရေး၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ-တရုတ်ဆက်သွယ်မှု 2+7 Coopera tion Framework ကို ဆောင်ရွက်သွားရေး၊ အထူးသဖြင့် ASEAN Infrastructure Invest ment Bank(AIIB) တည်ထောင်နိုင်ရေး၊ ၂၀၁၆ခုနှစ် စက်တင်ဘာ (၇)ရက်တွင် ဗီယင်ကျန်း မြို့၌ အာဆီယံ-တရုတ် Commemorative Summit ကျင်းပသွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့အပြင် ၂၀၁၆ ခုနှစ်တွင် အာဆီယံ-တရုတ်လူငယ်များ အပြန်အလှန်ပညာသင် စေလွှတ်နိုင်ရေး၊ ခရီးသွား ကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ၂၀၁၇ ခုနှစ်ကို အာဆီယံ-တရုတ် ခရီးသွားနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ရေး ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ- ကနေဒါ၊ အာဆီယံ-ဂျပန်၊ အာဆီယံ- သြစတေးလျ၊ အာဆီယံ- အမေရိကန် အစည်းအဝေးများသို့ တက်ရောက်သည်။ 
အာဆီယံ- ကနေဒါ ၀န်ကြီးအဆင့် အစည်းအဝေးတွင် အာဆီယံ - ကနေဒါ ကုန်သွယ် မှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ အစီအစဉ်များပူးပေါင်း ဆောင်ရွက် ရေး၊ ကနေဒါနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် သံတမန်ဆက်သွယ်မှုမြှင့်တင်ရေး၊ ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် အကြိမ် (၄၀)မြောက် အာဆီယံ-ကနေဒါ Dialogue Relations ကျင်းပနိုင်ရေး ဆိုင်ရာများကို ဆွေးနွေးကြသည်။
အာဆီယံ- ဂျပန် ၀န်ကြီးများအဆင့် အစည်းအဝေးတွင် အာဆီယံဒေသတွင်း နိုင်ငံများဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်စေရေး၊ အထူးသဖြင့် အာဆီယံဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် စက်မှု ကဏ္ဍ၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးဆိုင်ရာများကို ဆွေးနွေးကြသည်။
ထို့နောက် အာဆီယံ- သြစတေးလျ ၀န်ကြီးအဆင့်အစည်းအဝေးတွင် ပူးတွဲသ ဘာပတိအဖြစ်  ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က  ဆောင်ရွက်ပြီး အမှာ စကားပြောကြားရာတွင် လူမှု၊ ယဉ်ကျေး မှုနယ်ပယ်တွင် ကျောင်းသားများ အပြန်အလှန် ဖလှယ်မှု အစီအစဉ်၊ ပြည်သူချင်း ထိတွေ့ဆက်ဆံမှုတိုး မြှင့်ခြင်းဖြင့် ဒေသနှစ်ခုအကြား ချိတ်ဆက်ရေးတို့ကို ဆောင်ရွက်ရန်အရေးကြီး ကြောင်းပြောကြားသည်။
အစည်းအဝေးတွင် အာဆီယံ-သြစတေးလျ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးကြသည်။
ဆက်လက်၍ အာဆီယံ- အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေး တွင်  အာဆီယံ- အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

No comments:

Post a Comment