Friday, July 29, 2016

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ထံ မက္ကဆီကို၊ နယ်သာလန်နှင့် ပေါ်တူဂီ နိုင်ငံတို့မှ သံအမတ်ကြီးများ ခန့်အပ်လွှာပေးအပ်




နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သောမက္ကဆီကို ပြည်ထောင်စုနိုင်ငံသံအမတ်ကြီးမစ္စတာ ရိုဂယ်လီရိုဂရန် ဂေလ်ဟုမ်းမော်ဖင်းသည် ယနေ့နံနက်(၁၀)နာရီတွင် လည်းကောင်း၊ နယ်သာလန်နိုင်ငံ သံအမတ်ကြီးမစ္စတာ ဝေါင်တာ ရောဘတ်မာရီရာဂန်စ်သည် ယနေ့နံနက်(၁၀)နာရီခွဲတွင် လည်းကောင်း၊ ပေါ်တူဂီနိုင်ငံသံအမတ်ကြီးမစ္စတာဖရန်စစ္စကိုဗာ့စ် ပါတိုကိုသည် ယနေ့ နံနက်(၁၁)နာရီတွင် လည်းကောင်းနေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်
သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများကိုပေးအပ်ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်တို့ တက်ရောက် ကြသည်။

No comments:

Post a Comment