Wednesday, June 15, 2016

ပြည်ထောင်စုရှေ့နေချုပ်က ဗြိတိန်နိုင်ငံသံရုံးမှ Director of UK Trade and Investment Mr. Douglas Barnes အား တွေ့ဆုံ


နေပြည်တော်  ဇွန် ၁၅
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံသံရုံးမှ Director of UK Trade and Investment Mr. Douglas Barnes ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌
လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ကိုယ်စား ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် International Narcotic Control Board (INCB) ဥက္ကဌ Mr. Werner SIPPနှင့်အဖွဲ့အား မွန်းလွဲ ၁ နာရီခွဲတွင် လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
UK Trade and Investment မှ ဒါရိုက်တာ Mr. Douglas Barnes ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များ၊ British Council မှပို့ချပေးလျက်ရှိသော ဥပဒေအရာရှိများအတွက် အင်္ဂလိပ်စာ သင်တန်းများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်းသည့် သင်တန်းများ ပို့ချပေးနိုင်ရေးနှင့်ပညာသင်များ စေလွှတ်နိုင်ရေး ကိစ္စများ၊ ဗြိတိန်နိုင်ငံ သံရုံးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့အကြား ဆက်လက် ပူးပေါင်းဆောင်ရွက် မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(INCB) ဥက္ကဌ Mr. Werner SIPP နှင့် တွေ့ဆုံဆွေးနွေးစဉ်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း(၃)ရပ်ပါ ပြဌာန်းချက်များနှင့်အညီ ပြည်တွင်းဥပဒေများ ဆက်လက်ပြဌာန်းအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေ၊ သင့်လျော်သည့်ပြစ်မှုပြစ်ဒဏ်ဆိုင်ရာပြဌာန်းချက်များ ပါရှိစေရေး၊မူးယစ်ဆေး သုံးစွဲမှုနှင့်စပ်လျဉ်း၍ ပညာပေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဥပဒေ ပြင်ဆင်ရာတွင် ထည့်သွင်းစဉ်းစားပေးရေးစသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment