နေပြည်တော် ဇွန် ၁၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ်၏
အထူးကိုယ်စားလှယ် ဖြစ်သူ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် (အိန္ဒိယ၀န်ကြီးချုပ်ရုံးဝန်ကြီး)
မစ္စတာ အာဂျစ် ဒိုဘယ်လ် အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏
ပါတီစုံဒီမိုကရေစီ ပထမသက်တမ်းကာလမှ ဒုတိယ သက်တမ်းသို့ အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာ
လွှဲပြောင်းခဲ့မှုနှင့် တည်ငြိမ်စွာ ဆက်လက်လုပ်ဆောင်မှု အခြေအနေများ၊ ငြိမ်းချမ်းရေးကိစ္စရပ်များ၊
နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှုမြှင့်တင်ရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲမှုဆိုင်ရာများနှင့်
နယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး
ဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ
တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယနိုင်ငံခြားရေး
အတွင်းဝန်၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး ယာယီတာဝန်ခံ၊ စစ်သံမှူးနှင့်
တာဝန် ရှိသူများ တက်ရောက်ကြသည်။

No comments:
Post a Comment