နေပြည်တော် ဇွန် ၁၃
ရွေးကောက်ပွဲခုံအဖွဲ့ (၁) ဥက္ကဋ္ဌ ဦးအောင်မြင့် ဦးဆောင်သည့်ခုံအဖွဲ့သည် ကန့်ကွက်လွှာ
အမှုအမှတ် (၈) လျှောက်ထား သူ ဦးခိုင်ညီညီကျော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊
လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
အမှုတွင် လျှောက်ထားခံရသူအား ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ၏ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ကြောင်း အမိန့်ချမှတ် ခဲ့ခြင်းအပေါ်
ဦးအောင်ကျော်ညွန့်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ
ဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၉၉) အရ မေ(၂၃)ရက်တွင် အယူခံမှုတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
လက်ခံခဲ့ပြီး ဇွန်(၁၃)ရက် နံနက်(၁၀) နာရီတွင် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်အားလုံးပါဝင်သည့်
စုံညီခုံရုံးဖြင့် ကြားနာစစ်ဆေးသွားမည် ဖြစ်ကြောင်း ဇွန် ၃ ရက်က သတင်းထုတ်ပြန်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်
ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုအမှတ် (၁/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအားလုံး
ခုံရုံးအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် စုံညီခုံရုံး ရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ
(၇၀) အရ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ
သင့်လျော်သော ဥပဒေအရာရှိ အဆင့်(၁) ထက်မနိမ့်သည့်ပုဂ္ဂိုလ်အား ရုံးတော်သဟာယ အဖြစ် ဖိတ်ကြားလျက်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၉၉) အရ တင်သွင်းလာသည့်
ရွေးကောက်ပွဲ အယူခံမှုအမှတ် (၁/၂၀၁၆) ကို ယနေ့တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏
ဥပဒေ အကြံဉာဏ်ပေးချက်များကို ကြားနာပြီးနောက် ဇူလိုင်(၁၂)ရက် နံနက်(၁၀)နာရီတွင် ယင်းအယူခံမှုအတွက်
အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment