Monday, May 30, 2016

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဌ Mr. Hideo WATANABE နှင့်အဖွဲ့အား နေပြည်တော်၌ တွေ့ဆုံ၊ ဂျပန် - မြန်မာ နှစ်နိုင်ငံအကြား လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး


နေပြည်တော်၊ မေ ၃၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဌ Mr. Hideo WATANABE နှင့် အဖွဲ့အား ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး၊ အသက်မွေးဝမ်း ကြောင်း ပညာသင်တန်းများဖွင့်လှစ်ရေး၊ နည်းပညာဆိုင်ရာ သင်တန်းသားများစေလွှတ်ရေး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ဝင်ဗီဇာ အဆင်ပြေ လွယ်ကူစေရေး၊ ဝန်ကြီးဌာနနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment