Monday, May 30, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ဖီဂျီသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာများပေးအပ်


နေပြည်တော် မေ ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဖီဂျီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာဖီလီမုန်းကူးသည် ယနေ့နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဂျုံဟိုဘွန်သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ သမ္မတအိမ်တော်၌ သံအမတ်ခန့် အပ်လွှာများ ပေးအပ်ကြသည်။



သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ များသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ကြသည်။

No comments:

Post a Comment