Wednesday, May 25, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သံအမတ်ကြီးများနှင့် တွေ့ဆုံ



နေပြည်တော်  မေ ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E Mr.Paul R. Seger နှင့် အဖွဲ့အား ယနေ့မွန်းလွဲ (၁)နာရီတွင် တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ်အရေးပေါ် စီမံခန့်ခွဲမှုဗဟိုဌာန (EOC)သို့ ပံ့ပိုးကူညီရန်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူများ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် စပ်လျဉ်း၍ ဆွေးနွေး ကြသည်။


အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism (MLIT) မှ H.E Dr. Koji IKEUCHI နှင့်အဖွဲ့အား တွေ့ဆုံပြီး ချင်းပြည်နယ်ရှိ သဘာဝမြေပြိုဆည်အား ဘေးအန္တရာယ် လျော့ချရေးအတွက် နည်းပညာများ ပံ့ပိုးကူညီပေးရေးနှင့် ဂျပန်နိုင်ငံမှမြန်မာနိုင်ငံသို့ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပံ့ပိုးကူညီပေးရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။


ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ် H.E. Mr. Andrew Patrick နှင့် အဖွဲ့အား တွေ့ဆုံပြီး အာဟာရဆိုင်ရာပံ့ပိုးမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

No comments:

Post a Comment