Wednesday, May 25, 2016

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးများ တွေ့ဆုံ

နေပြည်တော် မေ ၂၅

စာကြည့်တိုက်များသို့ လူမလာလျှင် လူလာအောင် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်ကြား ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးများ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန ၌ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့သည်။


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးနှင့် စာကြည့်တိုက်များကို ရပ်ရွာက လာရောက်ပေါင်းစပ်လုပ်ကိုင်သော နေရာဖြစ်အောင်၊ ရပ်ရွာအတွက် အသုံးဝင်သော တန်ဖိုးရှိသည့် စာကြည့်တိုက်များ ဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊    ၀န်ထမ်းတစ်ဦးချင်းစီ၏ စိတ်ဓာတ် များ ပြောင်းလဲပြီး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ဌာနသည် ရပ်ရွာများတွင် မရှိမဖြစ် လိုအပ်သည့် ဌာနတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ၀န်ထမ်းများအနေဖြင့် စတုတ္ထမဏ္ဍိုင် အလုပ်ကို လုပ်နေသည်ဟု ခံယူပြီး ရဲရဲတင်းတင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားခဲ့သည်။

တိုင်းဒေသကြီး/ ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ခရိုင်ဦးစီးအရာရှိများက စာကြည့်တိုက်များ  အဆင့်မြှင့်တင်ရေးဆောင်ရွက်နေမှု၊  နံရံကပ် စာပေရေချမ်းစင်များ ဖွင့်လှစ်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများအပါအ၀င် နယ်မြေသတင်းများ ထုတ်ပြန်နေမှုများ စသည် တို့ကို ရှင်းလင်းတင်ပြကြသည်။


ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက သတင်းများ ထုတ်ပြန်ရေးသား ရာတွင် မှန်ကန်မှုရှိစေရန်၊ ဒေသနှင့် ဆန့်ကျင်သည့် သတင်းများမဖြစ်စေရန်၊ လူထု၏ ယုံကြည်မှုကို ရရန် လိုအပ်မှု၊ တစ်ဦးချင်းစီ၏ လုပ်ပိုင်ခွင့်နှင့် ကျွမ်းကျင်မှု၊ တစ်ဦးချင်းစီ၏ ၀မ်းစာနှင့် လုပ်နိုင်စွမ်းကို မှန်ကန်စွာ သုံးသပ်ကြည့်ရန် လိုအပ်မှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ 

No comments:

Post a Comment