Saturday, May 28, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး


 
နေပြည်တော် မေ ၂၇
ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး General Prawit Wongsuwan နှင့် မေ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး ကိစ္စ၊ လက်နက်မှောင်ခိုကိစ္စရပ်များနှင့်စပ်လျဉ်း၍ဆွေးနွေး ခဲ့ကြသည်။
ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဗန်ကောက် မြို့ရှိ တပ်မတော်ဖွံ့ဖြိုးမှုဌာနချုပ် Armed Forces Development Command သို့သွားရောက်ကြည့်ရှုလေ့ လာကြသည်။
ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးမှုဌာနချုပ်ကို ဗန်ကောက် မြို့တွင် အခြေစိုက်ပြီး စစ်တိုင်းကြီး ငါးတိုင်းတွင် ကွပ်ကဲမှု ဌာနချုပ်များ ဖွင့်လှစ်ထားကာ ထိုင်းနိုင်ငံအနှံ့ရှိ ကျေးရွာ အုပ်စု ၃၆၈ စုရှိ ဒေသခံ ထိုင်းပြည်သူလူထု၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ စေရေးနှင့် သဘာဝဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဖွဲ့ဝင်များ နှင့်အတူ ညနေပိုင်းတွင် ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ည ၇ နာရီခွဲတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
(မြဝတီ)

No comments:

Post a Comment