Saturday, May 28, 2016

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမျိုးသားပြတိုက် (နေပြည်တော်) ၏ခင်းကျင်းပြသမှုလုပ်ငန်းများကို စစ်ဆေး


နေပြည်တော် မေ ၂၈
အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားမှုများကို ဖော်ထုတ်ပြသရန်၊ ကြွယ်ဝပြီး အဆင့် အတန်း မြင့်မားသည့်  မြန်မာ့ယဉ်ကျေးမှု များကို ဖော်ထုတ်ပြသရန်၊ မြန်မာလူမျိုး၏ (Soft Power) စွမ်းဆောင်ချက်  များကို ဖော်ထုတ် ပြသရန်၊ အမျိုးသား အဆင့်နှင့် လျော်ညီသော၊ နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်ဒြပ်ကိုထင် ဟပ်ပေါ်လွင်စေသော ပြတိုက်ဖြစ်စေရန်၊ ခေတ်မီဆွဲဆောင်မှုရှိပြီး ထိန်းသိမ်းမှုစနစ်၊ ပြသမှုစနစ်မှန်ကန်ပြီး အဆင့်အတန်းမြင့်မားသည့် ပြတိုက်ဖြစ်စေရန်   စသည့်ရည်ရွယ်ချက်များဖြင့် အများ ပြည်သူအတွက် ဖွင့်လှစ်ပြသထားရှိသော အမျိုးသားပြ တိုက် (နေပြည်တော်)၏ ခင်းကျင်းပြသမှုလုပ်ငန်းများကို သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယနေ့မွန်းလွဲ(၁)နာရီခွဲက   ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးက အမျိုးသားပြတိုက်(နေပြည်တော်)  အဆောင် A ရှိ နိုင်ငံတော်သမ္မတများ၏ လက်ဆောင်ပစ္စည်းများပြခန်း၊ အဆောင် B ရှိ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ပြခန်း၊ သမိုင်းမတင်မီ ခေတ်ယဉ်ကျေးမှုပြခန်း၊ သမိုင်းတင်ခေတ်ဦး ယဉ်ကျေးမှုပြခန်း၊ သမိုင်း တင်ပြီးခေတ်ယဉ်ကျေးမှုပြခန်း၊ အနုသုခုမပြခန်း၊ မြန်မာပန်းချီ ပြခန်း၊ အဆောင် C ရှိ သီဟာသနပလ္လင်ပြခန်း၊ အဆောင် D ရှိ မြန်မာ့ လက်မှုအနု ပညာပြခန်း၊ အာဆီယံပြခန်း၊ကလေး သူငယ်ပညာပေးပြခန်းများ ခင်းကျင်းပြသထား ရှိမှုနှင့် ပြတိုက်ပညာပေး ရေးလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေး၍ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခြိုးခြံခြွေတာရန်၊ ပြတိုက်များ၏ အဓိကလုပ်ငန်းတာဝန် ဖြစ်သည့် အသိပညာဖြန့်ဝေပေးရေးအတွက် လာရောက်လေ့လာသူတိုးတက်များပြား လာစေရေး အတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ သည်။

  ၂၀၁၆ ခုနှစ် မေလမှစတင်၍ နေပြည်တော်ရှိ အခြေခံပညာကျောင်းများနှင့် ပရဟိတ ကျောင်းများမှ ကျောင်းသား ကျောင်းသူများအား အမျိုသားပြတိုက် (နေပြည်တော်)သို့ ဖိတ်ကြားပြီး ကြိုဆိုပို့ဆောင်ရေး၊ ရှင်းလင်းပြသရေးအစီအစဉ်များဖြင့် ပြတိုက် ပညာပေးရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။  

No comments:

Post a Comment