Wednesday, May 25, 2016

ပြည်ထောင်စုရှေ့နေချုပ် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး နှင့် Allen & Overy Limited မှ Senior Partner တို့အား သီးခြားစီ တွေ့ဆုံ



နေပြည်တော် မေ ၂၅

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E Mr. Paul R. Segar နှင့် အဖွဲ့အား ယနေ့ နံနက် ၁၀  နာရီတွင်လည်းကောင်း၊ Allen & Overy Limited မှ Senior Partner ဖြစ်သူ Mr. Simon Makinson  နှင့် အဖွဲ့အား နံနက် ၁၁ နာရီခွဲတွင်လည်းကောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန် ခန်းမ၌  တွေ့ဆုံသည်။

ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးစဉ် မြန်မာနိုင်ငံ၏ ဥပဒေပြုရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဆောင်ရွက်နေမှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေး ခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ များကို ဆွေးနွေးကြသည်။


ဆက်လက်၍ Allen & Overy Limited မှ Senior Partner နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဥပဒေအရာရှိများအတွက် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လုပ်ငန်းခွင်သင်တန်းများ၊ ပညာသင်ဆုများ၊ ဥပဒေစာအုပ်များကို ဆက်လက်ထောက်ပံ့နိုင်ရေးနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍   ဆွေးနွေးကြသည်။

No comments:

Post a Comment