Wednesday, May 25, 2016

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် IOM မှ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၂၅

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနှင့်အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံကာ ဝန်ကြီးဌာန၏ လုပ်ငန်းများအား ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ယင်း အဖွဲ့အစည်း များမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။



ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် နံနက်(၁၁)နာရီကလည်း ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)မှ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Maria Nenette A. Motus နှင့်အဖွဲ့အား တွေ့ဆုံ၍ နယ်စပ်ဒေသစီမံခန့်ခွဲရေးနှင့် ရွှေ့ပြောင်းသွားလာမှု စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး နည်းပညာနှင့် အတွေ့အကြုံများဖလှယ်ရေး၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 

No comments:

Post a Comment