Wednesday, April 27, 2016

သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများကို နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်


နေပြည်တော်  ဧပြီ  ၂၇

သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းများကို နှီးနွယ်ဝန်ကြီးဌာနများနှင့် အတူပူးပေါင်းဆောင်ရွက်ပြီး လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း၊ ဧပြီ ၂၆ ရက် ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တိုင်း ဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့်တွေ့ဆုံကာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မားစေရန်အတွက် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ လူထုအခြေပြုကျန်းမာရေး ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများသည် ကျေးလက်နေပြည်သူ များအတွက် အလွန် အကျိုးရှိသဖြင့် ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန်၊ ရောဂါနှိမ်နှင်းရေး၊ ပြည်သူ့ ကျန်းမာရေးလုပ်ငန်း များဆောင်ရွက်ရာတွင်  သုတေသနလုပ်ငန်းများကိုလည်း  ပူးတွဲဆောင်ရွက်သွားရန်ဖြစ် ကြောင်း။

ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများအသစ်တိုးချဲ့ တည်ဆောက်ရာတွင် ဘဏ္ဍာငွေအလေ အလွင့်မရှိစေရန် ဒေသ၏လိုအပ်ချက်နှင့်ကိုက်ညီ ခြင်းရှိမရှိ စီစစ်ပြီးဆောင်ရွက်ရန်၊ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ကျန်းမာရေးပညာပေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် သွားရန်တို့ကိုပြောကြားပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဌာနခွဲများအလိုက် စီမံခန့်ခွဲရေး၊ ရောဂါနှိမ်နှင်းရေး၊ ပြည်သူ့ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်နှင့် ကူးစက် ရောဂါများ ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေး မှူးချုပ် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။  

No comments:

Post a Comment