Tuesday, April 26, 2016

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် ဂျော်ဂျီယာ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Levan Machavariani အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဧပြီ ၂၆
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေ စိုက် ဂျော်ဂျီယာသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Levan Machavariani အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံရာသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသား လွှတ်တော် နိုင်ငံ တကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment