Tuesday, April 26, 2016

အိန္ဒိယ - မြန်မာ မီဒီယာကဏ္ဍ ဖွံဖြိုးရေးအစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များဆွေးနွေး


နေပြည်တော် ဧပြီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Gautam  Mukhopadhaya သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် လည်းကောင်း၊ Organisation  for  Economic  Cooperation  and  Development  (OECD) မှ  ညွှန်ကြားရေးမှုး -  Mr. Pete Silvester သည်  မွန်းလွဲ ၂ နာရီတွင် လည်းကောင်း အဆိုပါ ၀န်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံစဉ် အိန္ဒိယ -မြန်မာ မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ ကိုလည်းကောင်း၊ OECD မှ ညွန်ကြားရေးမှူးနှင့် တွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော မီဒီယာကဏ္ဍနှင့် ပတ်သက်၍ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသည့် မီဒီယာကဏ္ဍ ပိုမိုဖြစ်ထွန်းရေးအတွက် လိုအပ်သည့် အကူအညီများပေးရန် ကိစ္စရပ် များကိုလည်းကောင်း ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။  

No comments:

Post a Comment