Sunday, March 27, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၇၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြု


နေပြည်တော် မတ်   ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၁၆ ခုနှစ် (၇၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ဂုဏ်ပြုသည်။
ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့သည် အခမ်းအနားသို့တက်ရောက်လာကြ သော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ)ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်မတော် အငြိမ်းစား အရာရှိကြီးများနှင့်ဇနီးများ၊ လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဝန်ကြီးများ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ရေးပြမှူးကြီးနှင့်စစ် ကြောင်းမှူးများ၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သီဟသူရဘွဲ့၊ သူရဘွဲ့၊ သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိသူများနှင့်အမွေခံများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားစစ်သံရုံများမှ စစ်သံ မှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့်နယ်ခြားစောင့်ဗဟို အကြံပေး ကွပ်ကဲရေးအဖွဲ့များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သီတေးသီချင်း၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့က တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

(၇၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ မြ၀တီတေးဂီတ အဖွဲ့နှင့်တွဲဖက်၍ အနုပညာရှင်များက တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။


ညစာစားပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဇေယျာ သီရိဗိမာန် သဘင်ဆောင်ခန်းမ၌ မြ၀တီအငြိမ့်အဖွဲ့နှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ယဉ်ကျေးမှုအကပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။ 
ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က ကပြဖျော်ဖြေကြသည့် အနုပညာရှင်များ၊ နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ကြသည်။

No comments:

Post a Comment