Monday, March 28, 2016

ဓာတုဗေဒစစ်ဆေးရေးဌာန DNA ဌာနခွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော် မတ် ၂၇

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် လှတော်ဝင်လမ်းရှိ ဓာတုဗေဒ စစ်ဆေးရေးဌာန DNA ဌာနခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန/လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို တက်ရောက်ဖွင့်လှစ်ပေးသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ် ဇော်ဝင်း၊ မှုခင်းရဲတပ်ဖွဲ့မှူးနှင့် ဓာတုဗေဒဝန်ရုံး ညွှန်ကြား ရေးမှူးတို့က ဖဲကြိုးဖြတ်ပေးပြီး ပြည်ထောင်စု ဝန်ကြီးက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ
၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီး ဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် တာဝန်ရှိသူများ စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ကြကြောင်း သိရသည်။

No comments:

Post a Comment