Sunday, March 27, 2016

(၇၁)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များနှင့် တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူ ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာများပေးအပ်



နေပြည်တော် ၊ မတ် ၂၇

(၇၁)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် အညတရ မိုးကောင်းကင် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ အညတရမိုးကောင်းကင် ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီတေး၊ စစ်သည်တေး သီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော်နေ့ဂုဏ်ပြု အညတရ မိုးကောင်းကင် ဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် ဇာတ်ကားဖြစ်မြောက်ရေး တာဝန်ခံ ဗိုလ်မှူးကြီးခင်မောင်ချို၊ ထုတ်လုပ်မှုတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး၊ ဝတ္ထု၊ ဇာတ်ညွှန်းနှင့်ဒါရိုက်တာ ဗိုလ်ကြီးတင်အောင်စိုး၊ စက်မှုနှင့်တည်းဖြတ် ဗိုလ်ကြီး ဗညားအောင်၊ ဒါရိုက်တာနှင့်သရုပ်ဆောင် အကယ်ဒမီဝေဠုကျော်၊ ရုပ်ရှင်သရုပ်ဆောင် နေဒွေး၊ အေးမြတ်သူ၊ အကယ်ဒမီ မေသဉ္စာဦး၊ အကယ်ဒမီ ယွန်းယွန်း၊ ဂွမ်းပုံ၊ မိုးလရောင်နှင့် ဟန်ဆက်လူလူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ဆက်လက်၍ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်  ဗိုလ်ချုပ်မောင်မောင်အေးက (၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ချီတေးသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော တပ်ကြပ်ကြီးဖုန်းမြင့်၊ ဒုတိယဆုရရှိသော ဒေါ်ခင်မိုးထွေး^မိုးသူ(သုခုမ) ၊ တတိယဆု ရရှိသော တပ်ကြပ်ကြီး စောစဲနေကနဲစော၊  နှစ်သိမ့်ဆု ရရှိသော ဦးဝေလင်း(ဝေလင်း-သုခုမ) နှင့် တပ်ကြပ်ကြီး ဇော်မျိုးထွန်း၊ စစ်သည်တေးသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဒေါ်ခင်စန္ဒီစိမ့်(အလင်္ကာမေ)၊ ဒုတိယဆုရရှိသော ဗိုလ်ကြီး ဉာဏ်ပိုင်စိုး(စစ်သူ)၊ တတိယဆုရရှိသော တပ်ကြပ်ကြီး ဖုန်းမြင့်၊  နှစ်သိမ့်ဆု ရရှိသောဒေါ်မေသန့်ရွှေ(ငယ်သန့်-သုခုမ)နှင့်ဦးဝေလင်း(ဝေလင်း-သုခုမ) တို့အား ဂုဏ်ပြုဆု၊ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်းက ကဗျာတိုပြိုင်ပွဲ တွင် ပထမဆုရရှိ သော ဦးမိုးအောင်(မောင်မောင်မိုးအောင်)၊ဒုတိယဆုရရှိသော ဦးအေးဝင်း(မင်းသစ်ဝင်း- ကျောက်တံခါး)၊တတိယဆုရရှိသော ဦးမြင့်ငွေ(ချမ်းမြဆောင်း-ကလော)၊ နှစ်သိမ့်ဆုရရှိ သော တပ်ကြပ်ကျော်ကျော်(မနောသစ်-ပခုက္ကူ)၊ ကဗျာရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးခင်မောင်ထွန်း(မင်းသွေးနွယ်-ဇီးကုန်း)၊ ဒုတိယဆုရရှိသော ဦးမျိုးဌေး(ဝင်းနွယ်-သစ်တော)၊ တတိယဆုရရှိသော ဒေါ်ခိုင်သူဇာဝင်း (ခင်လယ်လယ်ချစ်- မြန်ဂုဏ်)၊ နှစ်သိမ့်ဆုရရှိသော ဗိုလ်မှူးတင်ထွန်း(ငြိမ်း) (မောင်ရင်ငြိမ်း)တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်သည်။

ယင်းနောက် တပ်မတော်နေ့ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ရဲဝင်းက ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်မှူးကျော်ရဲသိန်း (ကျော်တေဇ-ဥက္ကလာ)၊ ဒုတိယဆုရရှိသော ဗိုလ်မှူးမြင့်ဇော်လင်း(မျိုးချစ်)၊ တတိယဆု ရရှိသော ဦးစံရွှေမင်း(ကျော်ဖြိုးလွင်)၊ နှစ်သိမ့်ဆုရရှိသော တပ်ကြပ်ကြီး/စာရေးဆရာ မောင်မောင်လွင်(မောင်မောင်လွင်-ရွှေဘိုသား)နှင့် တပ်ကြပ် ဟန်စိုး(ဟန်စိုး-မြစ်ကျိုး)၊ ဝတ္ထုရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်ကြီးဇော်ဝင်ဦး(လွတ်လပ်မောင်-ဆိပ်ဖြူ)၊ ဒုတိယဆုရရှိသော ဒေါ်မြင့်မြင့်သိန်း(တက္ကသိုလ် မြမဉ္စူ)၊ တတိယဆုရရှိသော ဗိုလ်ကြီး ဝင်းထက်(ဝမ်းထက်မိုး-ဇိန့်-အောင်လံ)၊ နှစ်သိမ့်ဆုရရှိသော ဦးအောင်ကျော်မိုး (သင်မိုးနီ) နှင့် ဦးအောင်ကိုကိုဦး(ထက်ဝေအောင်-စစ်ကိုင်း)တို့အား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


(မြ၀တီ)

No comments:

Post a Comment