Friday, March 25, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


နေပြည်တော် မတ် ၂၅
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် အဖွဲ့ဝင်များနှင့်အတူ ပထမအကြိမ် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ထိပ်သီး အစည်းအဝေးနှင့် ဘိုအောညီ လာခံသို့ တက်ရောက်ခဲ့ပြီး   ဒေသစံတော်ချိန် ယနေ့နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ စန်းယမြို့ မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးသစ်လင်းအုန်း နှင့် မြန်မာကောင်စစ်ဝန်ချုပ် ဦးဇော်ဇော်စိုး၊ တရုတ်နိုင်ငံ သံအမတ်ကြီးပောာင်း မစ္စတာကွန်မု၊ ဟိုင်နယ် ပြည်နယ် စန်းယမြို့ ဒုတိယမြို့တော်ဝန် မစ္စတာဝူဖန်းနှင့် တာဝန်ရှိသူများက စန်းယလေဆိပ်၌  ပို့ဆောင် နှုတ်ဆက် ကြသည်။


ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များသည် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ နေပြည်တော်လေဆိပ်၌ ဒုတိယသမ္မတဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ဦးတင့်ဆန်း၊ ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများက  နေပြည်တော်လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။


No comments:

Post a Comment