Friday, March 4, 2016

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြည်ပဧည့်သည်များအား သီးခြားစီ လက်ခံတွေ့ဆုံ



နေပြည်တော် မတ် ၎

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel အား ယနေ့မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး H. E. Mr. Mark McDowell အား ယနေ့မွန်းလွဲ ၃ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။


UNICEF ဌာနေကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍများတွင် အကူအညီပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment