နေပြည်တော် မတ် ၎
ပြည်ထောင်စုလွှတ်တော်နာယက၊
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် UNICEF ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်
Mr. Bertrand Bainvel အား ယနေ့မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ
ကနေဒါ သံအမတ်ကြီး H. E. Mr. Mark McDowell အား ယနေ့မွန်းလွဲ ၃ နာရီတွင် လည်းကောင်း
နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
UNICEF ဌာနေကိုယ်စားလှယ်နှင့်
တွေ့ဆုံစဉ် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍများတွင် အကူအညီပေးရေးကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ
တာဝန်ရှိသူများ တက်ရောက်ကြသည်။


No comments:
Post a Comment