Tuesday, March 1, 2016

ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြည်ပဧည့်သည်များအား သီးခြား စီတွေ့ဆုံ





နေပြည်တော်၊ မတ် ၁
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲယ် အား ယနေ့နံနက် ၉ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ ပီဆာနု ဆူဗာနာရာတ အား ယနေ့မွန်းလွဲ (၂)နာရီတွင်လည်းကောင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာဗီဂျေ နမ်ဘီးယား အား ယနေ့ မွန်းလွဲ (၃)နာရီတွင်လည်းကောင်း နေပြည်တော်ရှိ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင်၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အမျိုးသားလွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment