Tuesday, March 1, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


 နေပြည်တော် ဖေဖော်ဝါရီ ၂၉
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ လျူဘိုမီယာ ဇာအိုရာလက် ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်း မ၌ လက်ခံတွေ့ဆုံသည်။



ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့် ရေး၊ စွမ်းအင်၊ သတ္တု၊ လယ်ယာ စိုက်ပျိုးရေး၊ စားသောက် ကုန်ကဏ္ဍ များနှင့် စပ်လျဉ်း သည့် စက်မှုစီးပွားရေးလုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ် များနှင့် မြန်မာ့နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများ နှင့်စပ်လျဉ်း ၍ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဒေါက်တာကံဇော်၊ ဦးရဲထွဋ်နှင့် တာဝန် ရှိသူများတက်ရောက်ကြပြီး ချက် သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး တက် ရောက်သည်။

No comments:

Post a Comment