နေပြည်တော်၊ ဖေဖော်ဝါရီ ၁
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်
အစည်း အဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်နှင့်
ဒုတိယဥက္ကဋ္ဌအဖြစ် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ် တို့အား လွှတ်တော် က ရွေးချယ်တင်မြှောက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်နိုင်ရေး
အတွက် ချောင်းဆုံ မဲဆန္ဒနယ်မှ ဒေါ်ခင်ဌေးကြွယ်အား ပြည်သူ့လွှတ်တော်က သဘာပတိ အဖြစ် ရွေးချယ်တင်မြှောက်သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက သဘာပတိ၏ ရှေ့မှောက်၌
ကတိသစ္စာပြုကြပြီး ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရာတွင်
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာမျိုးအောင်နှင့် ပုသိမ်မဲဆန္ဒ နယ်မှ ဦးဝေလှိုင်ထွန်းတို့က
တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်တစ်ဦးတည်း ကိုသာ ဥက္ကဋ္ဌလောင်းအဖြစ် တင်သွင်း သည့်အတွက်
၂၀၁၃ခုနှစ် ပြည်သူ့ လွှတ်တော် ဆိုင်ရာနည်းဥပဒေ(၁၁)အရ ဦးဝင်းမြင့် အား ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌရွေးချယ်တင်မြှောက်ရာတွင် လမ်းမတော်
မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်းနှင့် ထားဝယ်မဲဆန္ဒနယ်မှ ဦအောင်စိန်တို့က ကွတ်ခိုင် မဲဆန္နနယ်မှ
ဦးတီခွန်မြတ် တစ်ဦးတည်းကိုသာ ဒုတိယဥက္ကဋ္ဌ လောင်းအဖြစ် တင်သွင်းသည့်အတွက် ၂၀၁၃ခုနှစ်ပြည်သူ့လွှတ်တော်
ဆိုင်ရာ နည်းဥပဒေ (၁၁)အရ ဦးတီခွန်မြတ်အား ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက
ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်
ခြင်းခံရသည့် ဦးဝင်းမြင့်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် ဦးတီခွန်မြတ်တို့က
သဘာပတိရှေ့မှောက်၌ ကတိသစ္စာပြုကြပြီး ကတိ သစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေး ထိုးကြသည်။
ထို့နောက် သဘာပတိ ဒေါ်ခင်ဌေးကြွယ်က ၂၀၁၃ ခုနှစ် ပြည်သူ့
လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၅ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တာဝန်လွှဲပြောင်းပေး
အပ်သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက်
စကားပြောကြားရာတွင် ယနေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်
ဂုဏ်ယူစရာ နေ့ တစ်နေ့ဖြစ် ပါ ကြောင်း၊ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြီး ပြုပြင်ပြောင်းလဲရေး
အတွက် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒုတိယအကြိမ် လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း။
နိုင်ငံတော်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့်
အာဏာကြီး ၃ ရပ် အနက် လွှတ်တော်၏ အဓိက တာဝန်သည် ဥပဒေ ပြုရေးဖြစ်ပါကြောင်း၊ ဥပဒေပြုသူသည်
ဥပဒေ ချိုးဖောက်သူမဖြစ်စေရဆို သည့် ဆိုရိုးစကားနှင့်အညီ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊
စည်းမျဉ်းစည်းကမ်းတို့ ကို လေ့လာ ဖတ်ရှုပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များ၏
ဂုဏ်ရည် ကို ပြသစေလိုပါကြောင်း။
ထို့ပြင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်
များသည် ဒီမိုကရေစီ ကျင့်စဉ်နှင့်ညီ/မညီ၊ လူ့အခွင့်အရေး စံချိန်စံညွှန်း များနှင့် ကိုက်/
မကိုက်၊ အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များနှင့် ဆီလျော်မှု ရှိ/ မရှိ၊ နိုင်ငံတကာစာချုပ်စာတမ်းများနှင့်
အကျုံးဝင်/မ၀င်၊ ပြည်သူလူထုအတွက် အကျိုးရှိ/မရှိ၊ ပြည်သူလူထု၏ ဘ၀လုံခြုံရေးနှင့် စိတ်လုံခြုံရေးကို
အကာ အကွယ်ပေး/မပေးတို့ ကို လေ့လာ စိစစ်ကြပြီး ပြင် ဆင်ခြင်း၊ ဖြည့် စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊
အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း။
မိမိအနေဖြင့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်
အညီ အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ အခွင့်အလမ်းများ ပိုမိုရရှိ
လာစေရန် တို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း အားထုတ်မည် ဖြစ် ပါကြောင်း ပြောကြားသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယ
နေ့ ကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment