အမေရိကန်-အာဆီယံ
ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်
Rancho Mirage မြို့၌ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက်တာကျင်းပခဲ့ပြီး ထိပ်သီးအစည်းအဝေး
ပထမနေ့တွင် အာဆီယံအသိုက်အဝန်းအတွင်း စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်မှု တိုးမြှင့်စေခြင်းဆိုင်ရာများကို
လည်းကောင်း၊ ဒုတိယနေ့တွင် အာရှ-ပစိဖိတ်ဒေသကြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
လုံခြုံရေးကို ထိန်းသိမ်း နိုင်ရေးဆိုင်ရာများကို လည်းကောင်း ဆွေးနွေးကြကာ အမေရိကန်-အာဆီယံ
ပူးတွဲကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်နိုင်ခဲ့သည်။
အဆိုပါထိပ်သီးအစည်းအဝေးတွင်
မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသော ပြည်ထောင်စုဝန်ကြီးများ၏
ထိပ်သီးအစည်းအဝေးနှင့် စပ်လျဉ်းသည့် ပြောကြားချက်များကို ပြန်လည်တင်ပြလိုက်ပါသည်။
ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်
ကျွန်တော်တို့
ဆွေးနွေးပွဲ နှစ်ရက်လုပ်ပါတယ်။ ပထမတစ်ရက် ကတော့ စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာ
ဖြစ်ပါတယ်။ အဓိက အားဖြင့် ပထမနေ့မှာ သတင်းအချက် အလက်နည်းပညာနဲ့ ဒီဂျစ်တယ် နည်းပညာတွေကိုသုံးပြီး
စီးပွားရေး လုပ်ငန်းတွေကို တိုးတက်အောင် ဘယ်လိုလုပ်မလဲ၊ စီးပွားရေးလုပ်ငန်း တွေမှာ
တီထွင်ဆန်းသစ်တဲ့ အကြံ ဉာဏ်တွေကို ဘယ်လိုအသုံးချမလဲဆို တာကို အဓိကထား ဆွေးနွေးပါတယ်။
အမေရိကန်နိုင်ငံ
အနေနဲ့က တော့ အဲဒီဟာမျိုးတွေကို အာဆီယံ နိုင်ငံအတွင်းမှာ ဦးစားပေးဖော်ထုတ် ပေးနိုင်ဖို့အတွက်
စီမံကိန်းသုံးခုကို အဆိုပြုပါတယ်။ ‘ဒဒါတွေအားလုံး လက်ခံလိုက်ပါတယ်။ ဒုတိယနေ့မှာ လုံခြုံရေးနဲ့ပတ်သက်တဲ့၊
အဓိကအား ဖြင့် တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးတယ်။ ပြီးရင် နိုင်ငံဖြတ်ကျော်
မှုခင်းတွေ၊ ရောဂါကိစ္စတွေ၊ တရားမဝင်လူကုန် ကူးမှုကိစ္စတွေ ဆွေးနွေးတယ်။ နှစ်ရက်လုံးမှာတော့
အာဆီယံနဲ့ အမေရိကန်အကြားမှာ မဟာဗျူဟာ ဆွေးနွေးပွဲအဆင့်ကို ရောက်သွား တာဖြစ်ပါတယ်။ ဒါကြောင့်
အများကြီး အကျိုးရှိပါတယ်။
နောက် ပေါ်ပေါက်လာမယ့်
အစိုးရတာဝန်ယူရင်လည်း နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက် မှုကို ဆက်လက်လုပ်ကိုင်ရမှာ
ဖြစ်ပါ တယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက် ရင် အမေရိကန်နိုင်ငံက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
အခြေအနေ ကောင်းတွေဖန်တီးပေးမယ့် စီမံကိန်း တွေမှာ ဆက်ပြီးတော့ လုပ်ဆောင် ခြင်းအားဖြင့်
ပိုပြီးတော့ အကျိုးရှိမှာ ဖြစ်ပါတယ်။
ဒုတိယနေ့မှာ ဒုတိယသမ္မတ
က ဘာကိုဆွေးနွေးခဲ့လဲဆိုတော့ အမေရိကန်နိုင်ငံအနေနဲ့ ဒီလိုစီးပွား ရေး အခွင့်အလမ်းကောင်းတွေ
ပေးတယ်ဆိုတာ အာဆီယံနိုင်ငံ ၁ဝ နိုင်ငံထဲက ကိုးနိုင်ငံကပဲ ဒီလို အခွင့်အရေးမျိုးကို
အပြည့်အဝခံစား ရတယ်။ မြန်မာနိုင်ငံက လူငယ် စီးပွားရေးသမားတွေ၊ အသေးစားနဲ့ အလတ်စား လူငယ်စီးပွားရေးသမား
တွေအနေနဲ့ အဆိုပြုတဲ့ဟာတွေကို အပြည့်အဝ မခံစားနိုင်သေးဘူး။ ပြီးတော့ ကျန်တဲ့ အာဆီယံနိုင်ငံ
ကိုးနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ ပြိုင်ဆိုင်နိုင်စွမ်းလည်း မရှိသေး ဘူး။
အဲဒါ ဘာကြောင့်လဲဆိုရင် အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူ ထားမှုတွေက ကျန်နေသေးတယ်။
အဲဒါကြောင့် ကျွန်တော်တို့နိုင်ငံ
က ဘာကိုတောင်းဆိုသလဲဆိုတော့ ဒီလိုမျိုး အဆိုပြုတဲ့အချိန်မှာပဲ မြန်မာ နိုင်ငံမှာလည်း
နိုင်ငံရေးအရ တိုးတက် မှုတွေ အများကြီးရှိနေပြီ။ ဒါကြောင့် ကျန်တဲ့ဟာတွေ ရုပ်သိမ်းပေးပါလို့
ပြောခဲ့တယ်။ အမေရိကန်ဘက်က လည်း မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက် မှုတွေကိုကြည့်ပြီးတော့
စဉ်းစား ဆောင်ရွက်မယ်လို့ ပြောပါတယ်။
Action Plan စီးပွားရေးကတော့
သုံးခုပြောခဲ့ပြီးပါပြီ။ ပင်လယ်ရေ ကြောင်း လုံခြုံရေးနဲ့ ပတ်သက်လို့ သူတို့စီမံချက်တစ်ခု
လုပ်ထားတာ ရှိတယ်။ ပြီးတော့ နိုင်ငံဖြတ်ကျော် မှုခင်းတွေ အခုဖြစ်နေတဲ့ ဗိုင်းရပ်စ် ကိစ္စဆိုရင်
အာရှကိုကူးစက်မလား ဆိုပြီး ဝိုင်းပြီးကူညီပေးမယ်ဆိုတာမျိုး ပြောတယ်။ အဓိက ဆွေးနွေးတာ
ကတော့ လူကုန်ကူးမှုပေါ့။ လူကုန် ကူးမှုနဲ့ပတ်သက်လို့ ဒေသအတွင်း နိုင်ငံတွေရော ကျန်တဲ့လူတွေပါ
ပေါင်းပြီးလုပ်ဖို့ရှိတယ်။ ပြီးတော့ အကြမ်းဖက် အိုက်အက်စ် (IS)လို အဖွဲ့မျိုးတွေ အာရှမှာ
အခြေမချ နိုင်အောင် ဘယ်လိုသတင်းအချက် ဖလှယ်မယ်ဆိုတာကို လုပ်ခဲ့တယ်။
ပထမတစ်ခုကတော့
ကျွန်တော် တို့က အာဆီယံနိုင်ငံထဲမှာ ဖွံ့ဖြိုးမှု တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူတဲ့အတွက်
ကြောင့် မြန်မာ၊ လာအို၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ် ဒါတွေတော့ နောက်မှာကျန်နေခဲ့တယ်။ အချို့ကိစ္စ
တွေကိုတော့ နောက်မှအချိန်ယူပြီး ဖြည့်ဆည်းရမှာတွေရှိတယ်။ အမေရိ ကန်ကတော့ မြန်မာနိုင်ငံ
တစ်နိုင်ငံ တည်းကို ပြောတာမဟုတ်ပါဘူး။
အာဆီယံနိုင်ငံတွေ
အားလုံးမှာ ယှဉ်ပြိုင်နိုင်စွမ်း၊ တီထွင်နိုင်စွမ်းတွေ ရှိအောင် သူတို့က နည်းပညာအရ
အကူအညီပေးမယ်။ ငွေတွေချေးတာ မဟုတ်ဘူး။ သင်တန်းတွေ အလုပ်ရုံ ဆွေးနွေးပွဲတွေ အတွေ့ကြုံဖလှယ်
ပြီး ဒါမျိုးတွေနဲ့ ကူညီသွားမှာ ဖြစ်ပါ တယ်။ ဒီခရီးစဉ်ကတော့ အာဆီယံနဲ့ အမေရိကန်အကြားမှာ
ဆက်ဆံရေး ကို တစ်ဆင့်မြှင့်လိုက်တဲ့ အစည်း အဝေးဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံအကျိုးရှိရင်
မြန်မာနိုင်ငံ လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်
ထိပ်သီးအစည်းအဝေးနဲ့
ပတ် သက်လို့ကတော့ အဓိက တီထွင် ဆန်းသစ်မှုနဲ့ စွန့်ဦးတီထွင်မှုကိစ္စကို အဓိကထား ဆွေးနွေးတာဖြစ်ပါတယ်။
ဆွေးနွေးတဲ့အထဲမှာ အဓိကအားဖြင့် တော့ ငါးချက် ဆွေးနွေးပါတယ်။ နံပါတ်(၁)အချက်က သိပ္ပံပညာရှင်
တွေနဲ့ သုတေသနပညာရှင်တွေ အာဆီယံနဲ့ အမေရိကန်ကြားမှာ ဘယ်လိုသွားလာ ပြောင်းရွှေ့ဆောင်
ရွက်ကြမလဲဆိုတဲ့ကိစ္စ၊ နံပါတ် (၂) အချက်က စွန့်ထွင်ဦးစီးသူတွေနဲ့ ပတ်သက်လို့ စွန့်ထွင်ဦးစီးမှုကို
မြှင့်တင်တဲ့အခါမှာ အမျိုးသမီးနဲ့ လူငယ်တွေရဲ့ကဏ္ဍ၊ အာဆီယံမှာ ရှိတဲ့ လူငယ်တွေရဲ့ စွန့်ထွင်ဦးစီး
မှုတွေကို ဘယ်လိုအားပေးမလဲ၊ ဘယ်လိုနေရာပေးမလဲ၊ နောက်နံပါတ် (၃)အနေနဲ့ ထိရောက်တဲ့ပတ်ဝန်းကျင်
ထိန်းသိမ်းမှုစနစ် နည်းပညာပြောင်းလဲ မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ထွန်း လာဖို့ တက္ကသိုလ်တွေ၊
သုတေသန အဖွဲ့အစည်းတွေကြား၊ ပုဂ္ဂလိက ကဏ္ဍကြားမှာ ဘယ်လိုပေါင်းစပ်ကြ မလဲ၊ ပြီးတော့ နံပါတ်(၄)အချက်က
အသေးစားနဲ့ အလတ်စား Micro လို့ခေါ်တဲ့ အသေးစားစက်မှုလုပ်ငန်း တွေ ဘယ်လိုဖွံ့ဖြိုးအောင်လုပ်ကြ
မလဲ၊ နောက်နံပါတ်(၅)ကတော့ အာဆီယံရဲ့သိပ္ပံနည်းပညာ ဆန်းသစ် တီထွင်မှုတွေအတွက် အခွင့်အလမ်း
ပါ။ အဲ့ဒီ အခွင့်အလမ်းတွေကို ခေါင်းဆောင်တွေက ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒီလို ဆွေးနွေးတဲ့အခါမှာ
အမေရိကန်နိုင်ငံက စွန့်ထွင်ဦးစီးမှုရဲ့ တကယ့် ဗဟိုချက်တစ်ခုဖြစ်တယ်။ အသစ်အဆန်းတွေ တီထွင်တဲ့နေရာ
ဖြစ်တယ်။ အထူးသဖြင့် ကယ်လီ ဖိုးနီးယားပြည်နယ်ကြီးမှာ Silicon Valley ရှိတယ်။ နောက်တစ်ခါ
ဆန်ဖရန်စ္စကိုမှာ IBM ၊ CISCO System၊ Microsoft တို့ အားလုံး ရှိတဲ့နေရာပေါ့။ တစ်ဖက်မှာလည်း
Hollywood တို့ရှိမှာပေါ့။ အဲ့ဒီလို ရှိတဲ့နေရာတွေဖြစ်တဲ့အတွက် တီထွင် မှုတွေနဲ့ပတ်သက်လို့
ဘယ်လိုအားပေး မလဲ၊ တီထွင်မှုတွေကို ဘယ်လိုနေရာ ပေးမလဲဆိုတာကို အဓိကဆွေးနွေး ကြတာဖြစ်တယ်။
ဒီလို ဆွေးနွေးတဲ့အခါမှာတော့
နိုင်ငံခေါင်းဆောင်တွေ အနေနဲ့က ကိုယ့်နိုင်ငံမှာရှိတဲ့ အတွေ့အကြုံ တွေကို ဖလှယ်ကြတာဖြစ်သလို
အထူးသဖြင့်တော့ IBM၊ CISCO System ၊ Microsoft က CEO သုံးယောက်ကနေပြီး သူတို့ရဲ့ အသစ်
အဆန်းတီထွင်ထားမှုတွေနဲ့ အာဆီယံ နိုင်ငံများနဲ့ အမေရိကန်နိုင်ငံတွေမှာ ရှိတဲ့ လူတွေကြားထဲမှာ
ဒီအသစ် အဆန်းတီထွင်မှုတွေ၊ နည်းပညာ အသစ်တွေကို ဘယ်လိုသုံးစွဲခြင်း အားဖြင့် ကျေးလက်နဲ့
မြို့ပြမှာရှိတဲ့ လူတွေရဲ့ မညီမျှမှုတွေကို ပိုပြီးညီမျှ လာအောင်၊ အခွင့်အရေးတွေ ပိုကောင်းလာအောင်၊
အာဆီယံနိုင်ငံ တွေက အထူးသဖြင့်တော့ လယ်ယာ ကို အခြေခံတဲ့နိုင်ငံရှိသလို သိပ္ပံနဲ့နည်း
ပညာကို အခြေခံသွားပြီဖြစ်တဲ့ စင်ကာပူ၊ မလေးရှားနိုင်ငံတို့ ရှိတယ်။
ထိုနည်းတူစွာပဲ
ကျွန်းတွေ ထောင်ချီပြီးတော့ရှိတဲ့ အင်ဒိုနီးရှား၊ ပြီးတော့ ဖိလစ်ပိုင် အဲ့ဒီလိုနိုင်ငံတွေ
ကြတော့ ကျွန်းတွေနဲ့ သူတို့ရဲ့မြို့တော် ရှိတဲ့ နေရာကြီးနဲ့ အကွာအဝေးပေါ့။ အဲဒီလို
ကွာနေတဲ့နေရာတွေမှာ ကျေးလက်နဲ့ မြို့ပြ သို့မဟုတ်ရင်တော့ ဗဟိုနဲ့ ဝန်းကျင်ကွာခြားမှု
ဘယ်လို ရှိလဲပေါ့။
မြန်မာနိုင်ငံမှာလည်း
မြို့တွေက တိုးတက်နေသလို ကျေးလက်တွေ မှာလည်း ဒီအတိုင်း တိုးတက်လာ အောင် ဘယ်လိုလုပ်ကြမလဲ။
ဒါတွေ အပေါ်မှာ ခုနကပြောတဲ့ နည်းပညာ ဖြစ်တဲ့ အထူးသဖြင့် ICTနည်းပညာ ကို ဘယ်လိုသုံးကြမလဲ။
ICT နည်း ပညာတွေကနေ ဘယ်လိုအထောက် အကူပေးမလဲ။ ဥပမာအားဖြင့် စိုက်ပျိုးရေးဆို စိုက်ပျိုးရေးနည်း
ပညာတွေ၊ ရာသီဥတုဖောက်ပြန် တော့မယ်ဆို ရာသီဥတုဖောက်ပြန် တာကို ကျေးလက်အစွန်အဖျားမှာ
လုပ်နေတဲ့လူတွေ ဘယ်လိုအသိပေး မလဲ၊ အဲဒီလို အသိပေးခြင်းအားဖြင့်၊ ကြိုသိနိုင်ခြင်းဖြင့်
ကာကွယ်နိုင်တာဆို ကာကွယ်နိုင်တယ်။ နည်းပညာအသစ် ဆိုလည်း ပျံ့ပျံ့နှံ့နှံ့သုံးနိုင်တယ်။
တစ်ဖက်က တီထွင်မှုကလည်း ရှိရ မယ်၊ တစ်ဖက်က တီထွင်တဲ့သူတွေ ကိုလည်း သူတို့တီထွင်နိုင်အောင်
နေရာရှိရမယ်၊ သူတို့ရဲ့တီထွင်မှုကို လည်း ရောင်းချနိုင်တဲ့ ဈေးကွက်ရှိ ရမယ်၊ အဲ့ဒီအရာတွေကို
အဓိက အားဖြင့် ဆွေးနွေးပါတယ်။
ဆွေးနွေးတဲ့ အရာကတော့
တော်တော်ကြီး နည်းပညာဆန်ပါ တယ်။ နည်းပညာဆန်တာရှိသလို အခွင့်အလမ်းနဲ့ အခွင့်အရေး ဈေးကွက်ရလာအောင်
ဘယ်လို လုပ်ပေးမလဲ၊ ဒါကို ဆွေးနွေးတာ ဖြစ်ပါတယ်။
အထူးသဖြင့်တော့
အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့အနေနဲ့ မဟာ ဗျူဟာဆက်ဆံရေးကို တိုးမြှင့်တည် ထောင်လိုက်ပြီ။
ဒါကြောင့်မို့လို့ အာဆီယံမှာရှိတဲ့ AEC ဖြစ်လာတဲ့ အခါ AEC ရဲ့ သဘောတရားမှာ ကိုက စွန့်ထွင်ဦးစီးသူတွေ၊
နည်းပညာ တွေ၊ တက္ကသိုလ်တွေချင်း ပေါင်းစည်း ရမယ်။ သုတေသနဌာနတွေချင်း ပေါင်းစည်းရမယ်၊
နောက်တစ်ခါ ကျွမ်းကျင်သူတွေဆိုရင် ကျွမ်းကျင်တဲ့ သူ ပရော်ဖက်ရှင်နယ်တွေ အာဆီယံ ကြားမှာ
ကူးသန်းသွားလာနိုင်သလို အခုကတော့ အမေရိကန်ဘက် ထိအောင်လည်း ကူးသန်းသွားလာ နိုင်ဖို့အတွက်
တံခါးဖွင့်ပေးမယ်ပေါ့။
တကယ်တော့ နည်းပညာအပြန်
အလှန်လဲလှယ်သလို êကြိုးစားသူ၊ တော်သူ၊ စွန့်ထွင်ဦးစီးနိုင်သူ၊ နောက် တစ်ခါ တီထွင်နိုင်သူတွေအနေနဲ့
ကတော့ အာဆီယံဈေးကွက်တွင် သာမက အမေရိကန်ဈေးကွက်ကိုပါ လာပြီးတော့ ဆောင်ရွက်နိုင်ဖို့အတွက်
အခွင့်အလမ်းတွေ ရှိလာပါတယ်။
အရင်တုန်းကတော့
နည်းပညာ ရဖို့အတွက်ဆိုရင် အဆင့်ဆင့်ယူရ တာပေါ့လေ။ အခုကျတော့ သူတို့ ပြောတာကတော့ နည်းပညာတွေ
ကတော့ နည်းပညာအသစ်ကို တစ်ခါ တည်းယူသုံးလိုက်၊ ဒီအဆင့်ဆင့် သွားနေတဲ့ဟာလေးကို ကျော်လိုက်ဖို့
ဖားခုန်ခုန်ပြီးတော့ ကျော်လို့ရတယ်။ ဒီအတွက်လည်း အခုနောက်ပိုင်း နည်းပညာတိုးတက်မှုနဲ့
စွန့်ထွင်ဦးစီး မှု တိုးတက်မှုအရ ဖားခုန်ခုန်ရမှာကို မစိုးရိမ်ပါနဲ့၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့
ဖွံ့ဖြိုးပြီးနိုင်ငံကို အမီလိုက်ဖို့အတွက် နည်းလမ်းရနိုင်တဲ့ အခြေအနေ တစ်ခုကို ဖွင့်ပေးပါ့မယ်ပေါ့။
အရင် တုန်းကတော့ သူတို့နည်းပညာတွေ ပေးဖို့အတွက်ကို အဆင့်ဆင့် အကာ အကွယ်တွေရှိတာပေါ့၊
အသစ်တွေ့တဲ့ သူကလည်း ချက်ချင်းမပေးလိုဘူး။
အခုကတော့ ICT တိုးတက်လာ
မှုတွေ၊ နောက်တစ်ခါ ခုနကပြောတဲ့ Information Technology တိုးတက်လာတွေနဲ့ နောက်ဆုံး ဆွေးနွေးသွားတာကတော့
iCloud ဆိုတာကို ဆွေးနွေးသွားတယ်။ iCloud ပေါ်မှာ နည်းပညာတွေကို တင်ထားလို့ရတယ်။ သတင်းအချက်
အလက်တွေကို ဖလှယ်တဲ့အခါမှာ iCloud ပေါ်ကို သုံးပြီးတော့ ဖလှယ် ခြင်းအားဖြင့်လည်း ကမ္ဘာနဲ့အဝန်း
ကျေးလက်နဲ့ မြို့ပြမကျန် မြန်မာနိုင်ငံ မှာဆိုလည်း ကျေးလက်ကလူတွေက iCloud ကို သုံးတတ်လာမယ်။
နည်း ပညာတွေ၊ သတင်းအချက်အလက် တွေ၊ သတိပေးချက်တွေပေါ့။ မိုးရွာ တော့မယ်၊ ရေကြီးတော့မယ်၊
မုန်တိုင်းလာတော့မယ် အစရှိသဖြင့် အဲ့ဒီလိုအရာတွေကို iCloud က ယူကြည့်လိုက်ရင် သိနေပြီ။
ကျေးလက် ဘယ်လောက်ပဲ
ခေါင်ခေါင် ကြိုတင်ပြင်ဆင်ချိန်ရ သလို နည်းပညာကို ကြိုတင်ယူပြီး တော့ အခြေအနေရလာတဲ့အတွက်
အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းတွေ မကဘူး၊ ကျေးလက်မြို့ပြပါမကျန် တိုးတက်
လာတဲ့ Technology ကို အခုလို ဖွင့်ပြီးတော့ ပေးပြီးတော့ သုံးခွင့် ရမယ်ဆိုရင် နိုင်ငံငယ်တွေအတွက်
အခွင့်အလမ်းပိုပြီးတော့ ရလာမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်
အာဆီယံ-အမေရိကန်
ထိပ်သီး အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကတော့
အာဆီယံနဲ့ အမေရိကန်ရဲ့ ဆွေးနွေး ဖက်နိုင်ငံအဆင့်ကနေ မဟာဗျူဟာ အဆင့် ဆွေးနွေးဖက်အဖြစ်
တိုးမြှင့် ခဲ့တဲ့ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်က ကွာလာလမ်ပူ မလေးရှားမှာလုပ်ခဲ့တဲ့ အာဆီယံ-အမေရိကန်
ထိပ်သီး အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တဲ့ မဟာဗျူဟာမြောက်အဆင့် မိတ်ဖက် ဆွေးနွေးဖက်တွေအဖြစ်နဲ့
တိုးမြှင့် ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုမှာ ပထမဦးဆုံး ကျင်းပ ခဲ့တဲ့အစည်းအဝေး
ဖြစ်ပါတယ်။
ဒီအစည်းအဝေး ကျင်းပတဲ့
ပုံစံ ကလည်းပဲ သီးသန့်အစည်းအဝေး ဖြစ်ပါတယ်။ သီးသန့်အစည်းအဝေး ဖြစ်တဲ့အတွက် ဒီထဲမှာ
ခေါင်းဆောင် တွေက အမေရိကန်သမ္မတ မစ္စတာ အိုဘားမားအပါအဝင် အာဆီယံ ဒေသအဖွဲ့ဝင် ၁ဝ နိုင်ငံက
သမ္မတနဲ့ ဝန်ကြီးချုပ်တွေ မြန်မာနိုင်ငံဆိုရင် နိုင်ငံတော်သမ္မတ ကိုယ်စားဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက
ဦးဆောင်ပြီး တော့ ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။
သီးသန့် ဆွေးနွေးပွဲတွေရဲ့
သဘောအရတော့ လွတ်လွတ် လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း တကယ့် အရေးကြီးတဲ့ မဟာဗျူဟာဆိုင်ရာ
ကိစ္စရပ်တွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ပုံစံကိုက တံခါးပိတ်ဆွေးနွေးပွဲ
ပုံစံလုပ်တယ်။ ဒါနဲ့ပတ်သက်ပြီး အစည်းအဝေးရဲ့ အတွင်းမှာ ဆွေးနွေးတဲ့ကိစ္စရပ်တွေ ကို အသေးစိတ်
ထုတ်ပြန်ကြေညာ လေ့ မရှိဘူး။
သို့သော်လည်း အစည်းအဝေးရဲ့
ရလဒ်ကိုတော့ ပူးတွဲကြေညာချက် အနေနဲ့ ကြေညာတာရှိပါတယ်။ ဒါကြောင့်မို့ ပြီးခဲ့တဲ့နေ့ကဆိုရင်
ဆန်းနီးလန်း ကြေညာချက်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ကြေညာတဲ့အထဲမှာ
ရှေ့မှာ အာဆီယံနဲ့ အမေရိကန် ထိပ်သီးခေါင်းဆောင်တွေ အနေနဲ့ ဘယ်လို ဆက်လက်ပြီးတော့ ပူးပေါင်း
ဆောင်ရွက်သွားမလဲ။ ဒေသနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဘယ်လို မြှင့်တင်သွားမလဲဆိုပြီး
ဒါတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီတော့ အစည်းအဝေးရဲ့
ပထမနေ့မှာဆိုရင် ဒေသနှစ်ခုရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တွေကို အဓိကထားပြီး
ဆွေးနွေး ခဲ့ပါတယ်။ အဲဒီအထဲမှာလည်း တီထွင်ကြံဆမှုတွေနဲ့ စွန့်ဦးတီထွင် မှုတွေကို ဦးစားပေးပြီးတဲ့အခါမှာ
ဒေသနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ တိုးမြှင့်သွားဖို့ပါ။ ဥပမာအားဖြင့် အခုလို
IT တိုးတက်နေတဲ့အခါမှာ Data Base တွေကနေ လွတ်လွတ် လပ်လပ်၊ မြန်မြန်ဆန်ဆန်နဲ့ စီးပွား
ရေးပိုင်းမှာ အခြေခံပြီးတော့ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်သွားကြဖို့၊
တိုးတက် မြင့်မားလာတဲ့ IT ပညာတွေကို စီးပွားရေးကဏ္ဍမှာလည်းပဲ အသုံးပြု ပြီးတော့ လွယ်လွယ်ကူကူ
လျင်လျင် မြန်မြန်နဲ့ ဒေသတွင်းမှာ ကူးလူး ဆက်ဆံသွားဖို့ အဲဒီကိစ္စတွေကို အလေးထားပြီး
ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့ ညပိုင်းမှာတော့
အလုပ် သဘောညစာစားပွဲ လုပ်ပါတယ်။ ညစာစားပွဲမှာတော့ မဟာဗျူဟာအရ အရေးကြီးတဲ့ ဒေသတွင်း
တည်ငြိမ် ရေး၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စ တွေ၊ အထူးသဖြင့်တော့ အာရှ-ပစိဖိတ်ဒေသမှာ
ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး၊ သာယာ ဝပြောရေး ဒီလိုကိစ္စတွေနဲ့ အဓိက ပတ်သက်နေတဲ့
ဒေသတွင်း ပြဿနာ တွေ၊ ဥပမာအားဖြင့် တောင်တရုတ် ပင်လယ်ကိစ္စ၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးရရှိဖို့ကိစ္စတွေ၊
အဏုမြူ လက်နက်တွေကင်းမဲ့ဖို့ကိစ္စတွေ ဒီလို ကိစ္စမျိုးတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ပထမနေ့မှာတော့
ဒေသတွင်းနဲ့ နိုင်ငံတကာမှာ ရင်ဆိုင်နေရတဲ့ လူမှောင်ခိုကူးတဲ့ လူကုန်ကူးခံရတဲ့ ကိစ္စတွေ
တိုက်ဖျက်ဖို့၊ ရာသီဥတု ပြောင်းလဲမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှု အတွက်ကို ဘယ်လိုလုပ်မလဲ၊
နောက် ကမ္ဘာမှာ ပြန့်ပွားနေတဲ့ ဘေးရောဂါ တွေ။ အခုဆိုရင် ဇီကာဆိုပြီးတော့ ပေါ်လာတယ်၊ အရင်နှစ်တွေကဆို
မားစ်တို့ ပေါ်လာတယ်။ ဒီလို နိုင်ငံ တွေကို ဖြတ်ကျော်ပြီးတော့ ကူးစက် နိုင်တဲ့ ဒီလိုရောဂါဆိုးကြီးတွေကို
ဘယ်လိုကာကွယ်မလဲ၊ ဘယ်လို တားဆီးကြမလဲ၊ အဲ့ဒီလို ကိစ္စရပ်တွေ အပါအဝင် ဒေသတွင်းမှာ ဖြစ်နေတဲ့
လူကုန်ကူးမှုကို ဘယ်လိုတိုက်ဖျက် မလဲ၊ လူမှောင်ခိုတွေ ဘယ်လို ဆက်လက်ပြီးတော့ နိုင်ငံတကာနဲ့
ဒေသတွင်းနိုင်ငံတွေ ဘယ်လို ပေါင်းပြီးတော့ တိုက်ဖျက်သွားမလဲ။
နောက်တစ်ခုကတော့
တစ် ကမ္ဘာလုံးမှာ ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်မှု ကိစ္စတွေအနေနဲ့လည်း အစွန်းရောက်တဲ့ အတွေးအခေါ်တွေ
ရှိနေတဲ့ သူတွေကနေပြီးတော့ ဒီအကြမ်းဖက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့်လုပ်တဲ့အတွက် နယ်ပယ်
မရှိတော့ဘူး။ ဒေသအားလုံးမှာ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကြုံခဲ့ရတယ်။
ဒီလို ကြုံနေရတဲ့ အကြမ်းဖက်မှုတွေကို ဘယ်လိုတိုက်ဖျက်သွားမလဲ၊ အခြေခံ ကျကျ ဘယ်လိုဖြေရှင်းသွားမလဲ၊
ဒါတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကနေပြီးတော့
ထုတ်ပြန်ကြေညာလိုက်တဲ့ ကြေညာ ချက်ကလည်းပဲ ဒါရှေ့ဆက်လက်ပြီး တော့ အာဆီယံနဲ့ အမေရိကန်ရဲ့
မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုတွေကို ဒီကြေညာချက်က ချမှတ် ထားတဲ့ မူဝါဒတွေကို
ဆက်လက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြ ဖို့ ခေါင်းဆောင်တွေ အားလုံးကနေ ပြီးတော့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့်မို့
ဒီအစည်းအဝေးက အာဆီယံနဲ့ အမေရိကန် မဟာဗျူဟာ အဆင့် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်လိုက်တဲ့အတွက်
ထူးခြားတဲ့ အစည်းအဝေးလည်း ဖြစ်သလို ထူးခြားတဲ့ရလဒ်တွေလည်း စောစော ကပြောခဲ့တဲ့ ကမ္ဘာ့အနှံ့အပြား
အာရှ- ပစိဖိတ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို နှံ့နှံ့စပ်စပ်နဲ့ နိုင်ငံ တွေရဲ့
ခေါင်းဆောင်တွေကိုယ်တိုင် မူဝါဒတွေ ဘယ်လိုချမှတ်မလဲဆိုတာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်
မို့ ‘ ဒါဟာ အောင်မြင်တဲ့ အစည်း အဝေးတစ်ခု ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျား။
။
သတင်းအဖွဲ့

No comments:
Post a Comment