Wednesday, February 17, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ယနေ့မွန်းလွဲ (၁)နာရီခွဲမှ (၂)နာရီ မိနစ်(၄၀)အထိ နေပြည်တော်ရှိ ပေါင်းလောင်း ရိပ်သာဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံစဉ် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရငြိမ်းချမ်း ရေးရရှိရန် ဆက်လက် ဆောင်ရွက် ရမည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ကြသည်။

(မြ၀တီ)

No comments:

Post a Comment