လော့စ်အိန်ဂျယ်လိစ်- ဖေဖော်ဝါရီ ၁၄
အမေရိကန်- အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် ဒုတိယသမ္မတ
ဦးဥာဏ်ထွန်းနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံမှ စင်ကာပူလေကြောင်း
ခရီးစဉ်ဖြင့် ဆက်လက် ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အမေရိကန်နိုင်ငံ
လော့စ်အိန်ဂျယ်လိစ်မြို့ သို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတနှင့်အဖွဲ့အား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊
ကောင်စစ်ဝန် ချုပ်နှင့် သံရုံးမိသားစုများက လော့စ်အိန် ဂျယ်လိစ်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် လော့စ်အိန်ဂျယ်လိစ်မြို့ မှ မော်တော် ယာဉ်များဖြင့်
ဆက်လက် ထွက်ခွာခဲ့ကြရာ ဒေသစံတော်ချိန်မွန်းလွဲ ၄ နာရီ ၁၀ မိနစ်တွင် အမေရိကန် - အာဆီယံခေါင်းဆောင်
များထိပ်သီး အစည်းအဝေး ကျင်းပမည့် Rancho Mirage မြို့ရှိ ခေတ္တတည်းခိုမည့် Westin
Mission Hills ဟိုတယ်သို့ ရောက်ရှိသည်။

No comments:
Post a Comment