ပြည်သူများအတွက် ပြန်ကြားပေးရန်၊
ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဆိုသည့် ဦးတည် ချက်ဖြင့် ၁၉၄၆ ခုနှစ်ကတည်းက
စတင်တည်ထောင်ခဲ့ သည့် မြန်မာ့အသံသည် ယခု ၂ဝ၁၆ ခုနှစ်ဆိုလျှင် နှစ်(၇ဝ)ပြည့်ပြီ ဖြစ်သည်။
''ပြည်သူ့အတွက် မြန်မာ့အသံ''ဟူသည့်
ဆောင်ပုဒ်အတိုင်း ခေတ်အဆက်ဆက် တာဝန် များကို ထမ်းဆောင်ခဲ့ရာတွင် ပြောင်းလဲ လာသည့်
ခေတ် ကာလ နှင့် အညီ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားကိုလည်း နိုင်ငံပိုင် မီဒီယာမှ
အများပြည်သူ ဝန်ဆောင်မှုမီဒီယာ အဖြစ် ပြောင်းလဲရန် လက်တွေ့ကျကျကြိုး ပမ်းဆောင် ရွက်
လျက်ရှိသည်။
၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ရက် တွင်
ကျရောက်မည့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ၏ နှစ်(၇ဝ)ပြည့် နှစ်ပတ်လည်နေ့ကို
ကြိုဆိုဂုဏ်ပြု သည့်အနေဖြင့် ရေဒီယိုနှင့် ရုပ်မြင် သံကြားမှ ဂုဏ်ပြုအစီအစဉ်များ
ထုတ်လွှင့်ခြင်း၊ နှစ်ပတ်လည် နေ့အခမ်း အနားနှင့် တေးဂီတဖျော်ဖြေ ပွဲများ
ကျင်းပခြင်းတို့ကို မြန်မာ့အသံ နှင့် ရုပ်မြင် သံကြား နေပြည်တော် တပ်ကုန်း၌
ပြုလုပ်သွားမည်ဖြစ် ရာ ရေဒီယိုအငြိမ့်နှင့် ရုပ်မြင် သံကြား အငြိမ့် များကို
ဖေဖော်ဝါရီ ၁ ရက်မှ ၆ ရက်အထိ ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
ရေဒီယိုအငြိမ့်တွင် မင်းသမီး ခိုင်မာလွင်၊
လူရွှင်တော်များအဖြစ် ပေါ်ဦး၊ လှိုင်ဘွား၊ ဝမ်းတူး၊ ဂျယ်လီ တို့ပါဝင် မည်ဖြစ်ပြီး
ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင်လည်းကောင်း၊ မိုးနတ် သူဇာအငြိမ့်တွင် မင်းသမီး
သီတာဝင်း၊ လူရွှင်တော်များအဖြစ် ဇာဂနာ၊ ချစ်စရာ၊ စုတ်ချွန်း၊ ပိန်ပိန်နှင့်
ချွန်စက်တို့ပါဝင်မည်ဖြစ်ပြီး ၎င်းအဖွဲ့ ကို ဖေဖော်ဝါရီ ၃ ရက်တွင် လည်း ကောင်း၊
တစ်ခိုင်လုံးရွှေ အငြိမ့်တွင် မင်းသမီး အေးအေးမြင့်၊ လူရွှင်တော် များ အဖြစ်
ချစ်ချော၊ ပွမ်ပွမ်၊ ချစ်ဖူး၊ အေးချမ်း၊ ထက်လင်းတို့ ပါဝင်မည် ဖြစ်ပြီး ၎င်းအဖွဲ့ကို
ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်တို့ တွင်လည်းကောင်း၊ မြပုဏ္ဏမာအငြိမ့်တွင် မင်းသမီး
ဝင်းသိင်္ဂီ၊ လူရွှင်တော်များ အဖြစ် ဇာဂနာ၊ အရိုင်း၊ ဖိုးဖြူ၊ ငှက်ပျော ကြော်၊
ကင်းကောင်၊ ဂေါ်ဇီလာတို့ ပါဝင်မည်ဖြစ်ပြီး ၎င်းအဖွဲ့ကို ဖေဖော် ဝါရီ ၆ ရက်တွင် လည်းကောင်း
ည ၇ နာရီ သတင်း အပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွား မည်ဖြစ်
ကြောင်း သိရသည်။
အဆိုပါ နှစ်(၇ဝ)ပြည့် အထိမ်း အမှတ်အတွက်
ကြိုတင်ပြင်ဆင်မှု အခြေအနေနှင့် ပတ်သက်ပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင် က ''၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၅
ရက်ဆို ကျွန်တော်တို့ မြန်မာ့ အသံအနေနဲ့ နှစ် (၇ဝ) ပြည့်ပါပြီ။ မြန်မာ့အသံအနေနဲ့
၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ BBS ဆိုပြီး စတင်တည်ထောင်ခဲ့တယ်။
အင်္ဂလိပ်အစိုးရအုပ်ချုပ်တဲ့ ခေတ် ကာလကတည်းက စခဲ့တာပါ။ ၁၉၈ဝ လောက်မှာ ရုပ်မြင်သံကြား
ပေါ်လာတဲ့အတွက်ကြောင့် ရုပ်မြင် သံကြား အဆောက် အအုံကို ဂျပန် ကနေODA ပရောဂျက်နဲ့
လှူတဲ့ အတွက်ကြောင့် ၁၉၈ဝ မှာ ရုပ်မြင် သံကြား ကို စလွှင့်နိုင်ခဲ့တယ်။ နေပြည်
တော်ကို ၂ဝဝ၈ ခုနှစ် မတ်လမှာ စပြောင်းပြီးတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို
နေပြည်တော် က နေ ပြောင်းလဲ ထုတ်လွှင့်တယ်။ ရန်ကုန် တစ်ဝိုက်ကိုတော့ ထပ်ဆင့်လွှင့်
အနေနဲ့ ပြန်လည်ထုတ်လွှင့်ပေး တယ်။
''အခု နှစ်(၇ဝ) ပြည့်အထိမ်း အမှတ်အနေနဲ့
ကျွန်တော်တို့ တီဗွီရက်သတ္တပတ် ထုတ်လွှင့်မှုတွေရှိ တယ်။ ရေဒီယိုရက်သတ္တပတ်ဆိုပြီး
ရေဒီယိုအစီအစဉ်တွေကို ဦးစားပေး ထုတ်လွှင့်တယ်။ နှစ်ပတ်လည်နေ့ ကျရောက်တဲ့
ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၄ နာရီမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော်
တပ်ကုန်းမှာ အခမ်းအနားကျင်းပ မယ်။ ပြည်ထောင်စုဝန်ကြီးလည်း တက်ရောက်မယ်။
တစ်နှစ်လုံးမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေ ဆုချီးမြှင့်တာတွေ၊ ကျွန်တော်တို့နဲ့
ပူးပေါင်းဆောင်ရွက်တဲ့ ကုမ္ပဏီတွေကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်တာ တွေ
ဆောင်ရွက်မယ်။ ညနေ ၆ နာရီ ခွဲကနေ ည ၁ဝ နာရီ လောက်အထိ Emperor တေးဂီတအဖွဲ့နဲ့
မြန်မာ့ အသံရဲ့ နှစ်ပတ်လည် အခမ်း အနား ဖျော်ဖြေတင်ဆက်မှု ပြုလုပ်ဖို့ ပြင်ဆင်
ထားပါတယ်။
''နှစ် (၇ဝ) ပြည့်နဲ့ပတ်သက်ပြီး
ရေဒီယိုရက်သတ္တပတ်၊ တီဗွီရက်သတ္တ ပတ် တို့ ဆောင်ရွက်ဖို့အတွက် အဆိုတော်ပေါင်း ၂၉
ဦးပါဝင်ဖို့ ပြင်ဆင် ထားတယ်။ အရင်ခေတ်က အဆို တော်တွေပါသလို ဒီဘက်ခေတ်
အဆိုတော်တွေနဲ့ ရိုက်ထားတဲ့ တီးဝိုင်းလေးဝိုင်းနဲ့ တေးသီချင်း ပေါင်း အပုဒ် ၄ဝ ကို
ရိုက်ကူးထား တာရှိပါတယ်။ အဲဒါတွေကို ရန်ကုန် မှာပဲ ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။
အဆိုတော်ကြီး ဒေါ်မာမာအေး၊ အဆိုတော် ဒေါ်လဲ့လဲ့တို့ ဟိုဘက် ခေတ်ရဲ့ တေးသီချင်းတွေကို
ဒီခေတ် အခြေအနေတွေနဲ့ပေါင်း စပ်ပြီးတော့ ပြန်ဆိုရိုက်ကူးထားတာတွေရှိတယ်။ ဒါတွေလည်း
ထုတ်လွှင့်သွားမှာ ဖြစ်ပါ တယ်။
''အလားတူ မြန်မာ့ရုပ်မြင်
သံကြားခေတ်ဦးမှာ ပေါ်ပေါက် ခဲ့တဲ့ မြပုဏ္ဏမာ အငြိမ့် ဟာ မြန်မာ့အသံ
စခဲ့တဲ့အငြိမ့်ဖြစ်တဲ့အတွက် ပြန်လည် ရိုက် ကူးပြီး နှစ်(၇ဝ)ပြည့်အခမ်း အနားမှာ
ထုတ်လွှင့်ပြသပေးသွား မှာဖြစ်ပါတယ်။ ကြိုတင်ရိုက်ကူး တဲ့အစီအစဉ်မှာ 'ရှင်သန်နေမယ့်
MRTV' ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်မြင် သံကြားဇာတ်လမ်းလေးတစ်ခု ရိုက်
ကူးနေတာရှိပါတယ်။ ဇန်နဝါရီ ၂ဝ လောက်က စတင်ရိုက်ကူးတာ အခု ဆိုရင် ပြီးသွားပါပြီ။ TV
Week အနေနဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၄ ရက်အထိ ထုတ်လွှင့် သွားမှာ ဖြစ်ပါ တယ်''ဟု
ပြောသည်။
မြပုဏ္ဏမာအငြိမ့်မှ လူရွှင်တော် ဦးဇာဂနာက
''ကျွန်တော်တို့က တက္ကသိုလ်ကနေ လူရွှင်တော်လုပ်ခဲ့ ကြတာ ဆိုတော့
မြန်မာ့ရုပ်မြင်သံကြား က စလုပ်စ ၁၉၈ဝ စမ်းသပ်ကာလပဲ ရှိသေးတယ်။
ဟံသာဝတီအဝိုင်းနားက မြန်မာ့အသံဝင်းကြီးဟာ
အသံဝင်းကြီး ပဲရှိသေးတယ်။ အဲဒီစမ်းသပ်ကာလ ကတည်းက ကျွန်တော်တို့က ကျောင်းသားအနေနဲ့
ဝင်ပြီးတော့ အားပေးတယ်။ အဲ့ဒီတုန်းက တစ်ညကို နာရီဝက်ပဲ အငြိမ့် ကကြတယ်။
တက္ကသိုလ်အားလုံး က လူရွှင်တော်တွေ၊ မင်းသားတွေ ကို ရွေးချယ် လိုက်တယ်။ ကျွန်တော်
နဲ့ ကိုမေတ္တာ၊ ကိုအရိုင်း၊ ကိုချွန်စက် နဲ့ ကိုပိန်ပိန်တို့ပါတယ်။ မင်းသမီး
တွေကလည်း အများကြီးပဲ။ သီတာဝင်းကတော့ အားလုံးထဲမှာ ဝါအရင့်ဆုံး မင်းသမီးဖြစ်သွားတာ
ပေါ့။ ဒီအဖွဲ့တွေ အားလုံးက မြန်မာ့ အသံ စမ်းသပ်ကာလအတွင်းမှာ တောက်လျှောက် ကရတယ်။
တစ်လ မှာ နှစ်ခါလောက် ကရတယ်။ ၁၉၈၃ ဇန်နဝါရီ ၁ ရက်မှာ တစ်နိုင်ငံလုံးကို အမြဲတမ်း
အစီအစဉ် စလွှင့်တယ်။ အဲ့ဒီနေ့ညမှာ ကတဲ့အငြိမ့်က ကျွန်တော်တို့ အငြိမ့်ပါပဲ။ မိုးနတ်
သူဇာအငြိမ့် ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ တစ်နိုင်ငံလုံးကို ပထမဦးဆုံး စလွှင့်တဲ့
အစီအစဉ်ပဲ ဖြစ်ပါတယ်။
''နောက်တစ်ဆင့် မိုးနတ်သူဇာ အငြိမ့်
ပြီးသွားတဲ့အခါမှာ မြပုဏ္ဏမာ အငြိမ့်ဆိုပြီး ကျွန်တော်တို့က မျိုးဆက် သစ်တွေ
ထပ်ခေါ်တယ်။ ကင်းကောင်၊ ဖိုးဖြူ၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာ တို့လို
တက္ကသိုလ်ကျောင်းသားတွေ ကို ဆွဲခေါ်လိုက်တယ်။ သူတို့က နောက်တစ်ဖွဲ့ပေါ့။ သူတို့ကို
ကျွန်တော် နဲ့ အရိုင်း ဦးဆောင်ပြီးတော့ မင်းသမီး ဝင်းသိင်္ဂီနဲ့
မြပုဏ္ဏမာအငြိမ့်ဆိုပြီး ၁၉၈၅ မှာ ဖြစ်လာခဲ့တယ်။ ဒီဟာရဲ့ အစသည် တက္ကသိုလ်ကလို့
ပြောလို့ ရပါတယ်။
''အခုဒီမြန်မာ့အသံမှာ နှစ်ပတ်
လည်လုပ်တော့မယ်ဆိုတော့ အဖွဲ့ သုံးဖွဲ့စလုံး ကို ပြန်ခေါ်ထားတယ်။ ဒီကို
မြပုဏ္ဏမာအငြိမ့်တစ်ခုတည်း လာက ရတဲ့အကြောင်းရင်းက မိုးနတ်သူဇာ က လူတွေက
မကနိုင်တော့ဘူး။ မိုးနတ်သူဇာက ကိုပိန်ပိန်၊ ကိုစုတ်ချွန်း တို့ လုပ်ငန်းခွင်တွေ
ဝင်နေကြတော့ အနုပညာလောကနဲ့ နှစ် ၃ဝ လောက် အဆက်ပြတ် သွားပြီ။ တစ်ခိုင်လုံး ရွှေ
ကျတော့ လည်း မရှိတော့ဘူး။တစုတစည်းရှိတာက ကျွန်တော် တို့အဖွဲ့ပဲရှိလို့
ဒီမြန်မာ့ရုပ်မြင် သံကြား နှစ် (၇ဝ) ပြည့် အခမ်းအနား မှာ ဝင်ပါလိုက်ရ
တာဖြစ်ပါတယ်'' ဟု ပြောသည်။
''မြန်မာပြည်မှာ အနုပညာအလုပ်
လုပ်တဲ့သူရယ်၊ နိုင်ငံရေးလုပ်တဲ့သူ ရယ်။ ဒီနှစ်ခုကတော့ ဝေဖန်မှု လွတ်
မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဝေဖန် တယ်ဆိုတဲ့နေရာမှာ မှန်တဲ့ဝေဖန် ရေးဆိုရင် မှန်တာက
သမာသမတ် ကျတယ်။ ညီမျှတယ်။ အဲ့ဒီလိုမျိုး ဆိုရင် ကျွန်တော်တို့က ကြိုဆိုရမှာပါ။
မလိုအပ် တာတွေ ပြောနေတာကတော့ အိမ်သာနံရံမှာရေး တဲ့ စာလိုပဲ သဘော ထားတော့
ကျွန်တော်တို့က ဖတ်ကို မဖတ်ဘူး။ ဘယ်သူမှ တန်ဖိုး မထားကြဘူး။ တချို့ဖေ့စ်ဘွတ်ခ်
စာမျက်နှာပေါ်မှာ ရေးနေကြ တာ တွေကလည်း အိမ်သာနံရံတွေပေါ် က စာတွေလိုပါပဲ။
''နိုင်ငံရေးအရ လှည့်ကွက် လုပ်တာမျိုးလည်း
မဟုတ်ပါဘူး။ ဒီလုပ်ငန်းကြီးလုပ်နေတာက အခုမှ လုပ်တာမဟုတ်ပါဘူး။ ကြာနေပါပြီ။
ဒီလိုအငြိမ့်ရိုက်ကူးနေတာ ရှေ့မှာ ၁၇ ငြိမ့်တောင် ရှိသွားပါပြီ။ တချို့က သေချာတဲ့
သမိုင်းတစ်ခုကို သေချာ မလေ့လာဘူးလေ။ ကျွန်တော်တို့ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်
မြန်မာ့ ရုပ်မြင်သံကြားက မွေးထားတဲ့ သား သမီးတွေလိုမျိုး ခံယူထားတဲ့အတွက် ကြောင့်
ကိုယ့်မိခင်ဌာနကို ပြန်လာ ရတာ။ ကျွန်တော်က ကိုယ့်မိဘကို ပြန်လုပ်ကျွေးရတာ။
ကျွန်တော်တို့က ကိုယ့်အတွက်ကိုတောင် ဂုဏ်ယူရဦး မယ်။ ကျွန်တော်တို့အားလုံးက ဂုဏ်ယူ
ပြီးလာကြတာပါ''ဟု လတ် တလော ဝေဖန်ပြောဆိုသံများနှင့် ပတ်သက်ပြီး
မြန်မာ့အသံဝန်ထမ်းဟောင်း တစ်ဦးလည်းဖြစ်ခဲ့သူ ဦးဇာဂနာက ၎င်း၏ အမြင်နှင့် သဘောထားကို
ပြောပြ သည်။
''ကျွန်တော်တို့အနေနဲ့ ဒီမှာလာ ပြီး
ရိုက်ကူးနေတာ နှစ်နှစ်ကျော်ပြီ။ ပြောတဲ့ သူတချို့က အခုပြောနေ ကြတာ။
မြန်မာ့အငြိမ့်သဘင်ရေစီး ကြောင်းရိုက်တာ ၁၉ ပိုင်းရှိသွား ပြီ။ အပိုင်းက
ဒီနေ့ညအထိဆို ၁၈ ပိုင်းလောက် လွှင့်ပြီးသွားပါပြီ။ ကျွန်တော်တို့ ရိုက်ထားတာ တစ်လ
တစ်ပိုင်းနှုန်းနဲ့ ပြန် တွက်ကြည့်ဦး။ ၁၉ ပိုင်းဆိုတော့ ၁၉ လရှိသွားပါပြီ။
အဲဒီတစ်ခုတည်း မဟုတ်ပါဘူး။ ဘယ်သူမှ မလုပ်သေးတဲ့ Channel Zero ဆိုတဲ့ ဇာတ်လမ်း၊
နောက် ရင်တွင်းရေး ပြဿနာ၊ Channel Zero ကတော့ လွှင့်ပြီး သွားပြီ။
နောက်တစ်ကြိမ်တောင် ပြန်လွှင့်ဖို့လုပ်နေတယ်။ ကျွန်တော် ချစ်တဲ့အလုပ်က လူပြက်ဘဝပဲ။
အငြိမ့်၊ ပြက်လုံးကအစ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှာ သမိုင်းဝင်
မှတ်တမ်းတင်တယ်။ ကျွန်တော်တို့ဆီ မှာ မူလေးတစ်ခုရှိနေတယ်။ အမျိုး သားရေး
လို့ပြောရင် အမျိုးသားရေး လက္ခဏာက အငြိမ့်တစ်ခုပဲ ရှိတော့တယ်။ ဇာတ်လည်း
မရှိတော့ဘူး။
ဒါ့ကြောင့် မြန်မာ့အသံနဲ့ညှိထားပြီး
တစ်လတစ်ကြိမ် အငြိမ့်ကပြမယ်။ အရင်တုန်းကလည်း အငြိမ့်ကို လူတွေ စောင့်ကြည့်ရတယ်။
အခုလည်း စောင့်ကြည့်ရအောင် ကျွန်တော်တို့ လုပ်မယ်။ ကပြတဲ့အငြိမ့်က မှတ်တမ်း
တင်ရအောင်၊ မူမပျက်အောင် ထိန်း မယ်။ အငြိမ့်ကို တစ်လတစ်ကြိမ်
ပုံမှန်ရိုက်ကူးသွားမယ်'' ဟု ဆရာဝန် ဘဝကို စွန့်လွှတ်ပြီး လူရွှင်တော် ဘဝကို
ချစ်ခင်နှစ်သက်သည့် ဦးဇာဂနာက ပြောသည်။
အငြိမ့်နှင့်ပတ်သက်ပြီး ခေတ် ကာလနှင့်အညီ
ပြောင်းလဲမှုအပေါ် ''ခုခေတ်မှာ အင်တာနက်တွေ ပေါ် လာတယ်။ နိုင်ငံတကာ Channel တွေ
ပေါ်လာတယ်။ အကုန်လုံးက တော့ ဘယ်ကြည့်မလဲ။ ကိုယ်တွေက ကောင်းအောင်လုပ်ရမယ်။ ကိုယ့်
ထမင်းဆိုင်က ကောင်းအောင် မချက် တတ်ရင်တော့ ဘယ်လာ စားကြမလဲ။ ဒါကြောင့်
ကိုယ့်ဘက်ကလည်း ပြုပြင် ပြောင်းလဲရမယ်။ ဒီအငြိမ့်ကို ဘယ်လို ရိုက်မ လဲ။ ပြောင်းလဲ
ရတော့မယ် ဆိုတော့ အဆင့်မီစက် ပစ္စည်းကိရိယာ တွေပါလာပြီ။ လမ်းဘေးမှာထိုးပြီး
ကပြနေတာမဟုတ်ဘဲ စတိတ်ခုံပေါ် မှာ ကပြနေတဲ့အတွက် ဆလိုက်မီး တွေကအစ အကုန်လုံးပြင်
ဆင်တယ်။ သီချင်းက အစနားထောင်ကြည့်ပါ။ ကြားနေကျ သီချင်း မဟုတ်တော့ဘူး။
ဒီနေ့ခေတ်လူငယ်တွေ စိတ်ဝင်စားတဲ့Music ကို
ပေးထားတယ်။ ပြက်လုံး က အစ ခေတ် နဲ့ညီတဲ့ စကားလုံးတွေ သုံးပြီး
လူကြီးတွေစိတ်ဝင်စားတာ ထက် လူငယ်တွေကို ထိုးဖောက် ဝင်ရောက်သွားအောင် အဓိက ထား
ဆောင်ရွက်နေ တာပါ။ စိန်ခေါ်မှုတွေ ရှိပေ မယ့် အောင်မြင်အောင် ကြိုးစား ချင်တယ်။
ရင်ဆိုင်သွားမယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။
ရိုက်ကူးရေးနဲ့ ပတ်သက်ပြီး လူရွှင် တော်
ညောင်ညောင်က ''ကျွန်တော့် အနေနဲ့ ရိုက်ကူးရေးမှာ ကျွန်တော် တို့ဆီမှာ ပါလာတဲ့
အတတ်ပညာရှင် တွေနဲ့ မြန်မာ့ အသံက အတတ်ပညာ ရှင်တွေ ပူးပေါင်းပြီးဆောင်ရွက်မယ်။
အသံပိုင်း ဆိုင်ရာက လူတွေလည်း ပါမယ်။ ကျွန်တော့်ရဲ့ ညောင်ညောင် ဆိုတဲ့နာမည်ကို
ဦးဇာဂနာက မိုးနတ် သူဇာအငြိမ့်မှာကတော့ ပေးခဲ့တာပါ။ တချို့လူတွေက ကြိုက်တော့
ကြိုက်တယ်၊ မချီးမွမ်းချင်ကြဘူး။ မကောင်း တဲ့ဘက်က လှည့်ပြောချင်ကြတယ်။ အနုပညာ နဲ့
ဝေဖန်ရေးက တွဲဖက်နေ တာပဲ။ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ က လိုတယ်။ အဓိကကတော့
ယဉ်ကျေး မှုဝန်ကြီးဌာနပါ။ အပြင်က သဘင် အစည်းအရုံး ကလည်း ကြိုး စားနေကြရတာပဲ။
အငြိမ့်ဆိုလည်း နောက်ပိုင်းဆို ပရိသတ်က မကြည့်၊ ပရိသတ်မကြည့်ဘူးဆိုပြီး
နောက်ပိုင်း ကမက ဆိုတာမျိုး တွေလည်း ရှိတာပဲ။ အားလုံးက ကိုယ့်ယဉ်ကျေးမှုကို
ထိန်းသိမ်းဖို့ လိုအပ် ပါတယ်'' ဟု ပြောသည်။
မြန်မာ့အငြိမ့်သဘင် ဆက်လက်ရှင်သန်နေရန်
လူငယ်များအနေဖြင့် မည်သို့ပြုလုပ် သင့်ကြောင်းကို လူရွှင်တော် ကင်းကောင်က
''မြန်မာ့အသံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အငြိမ့်တွေ တက္ကသိုလ်ကျောင်းသား ဘဝကနေ
လွှင့်ခဲ့တာ တောက်လျှောက်လွှင့်ခဲ့တယ်။ ဒီ ၂ဝ၁၆ ခုနှစ် နှစ် (၇ဝ) ပြည့်မှာ
မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကို ကျွန်တော်တို့အနေနဲ့ လာရောက်ဝိုင်းဝန်း
ကူညီပေးရမယ့်အခြေအနေရှိသွားပါပြီ။ နောင်မှာဆို ကျွန်တော့် သားသမီးတောင်
မသိကြတော့ဘူး။ တခြားသူမပြောဘူး။ သူတို့တစ်တွေသိအောင်၊ နားလည် အောင်ရော၊ နှစ်(၇ဝ)
ပြည့် အမှတ်တရလေးအနေနဲ့ပါ ကျွန်တော်တို့ တစ်တွေဖျော်ဖြေတင် ဆက်တာ ဖြစ်ပါတယ်။
အငြိမ့်ကဏ္ဍဖျော်ဖြေတဲ့အတွက်
ခေတ်လူငယ်တွေအနေနဲ့ အငြိမ့်ဟာသ သရုပ်ဆောင်တွေ၊ အငြိမ့်မင်းသမီး တွေရဲ့ ကဟန်
ဆိုဟန်တွေ။ ကျွန်တော်တို့ခေတ်က ကခဲ့တဲ့ သီချင်းတွေရဲ့ အနှစ်သာရက ဘယ်လောက်
အရသာရှိတယ်ဆို တာကို သိစေချင်တဲ့ဆန္ဒလည်း ပါပါတယ်။ မြန်မာ့အငြိမ့် သဘင်
ဆက်လက်ရှင်သန်နေဖို့ အများကြီး လုပ်စရာ မရှိဘူး။ လူငယ်တွေ စာများများဖတ်ကြပါ။
ဘယ်စာမဆို ဖတ်ပါ။ စာဖတ်ခြင်း အားဖြင့် အငြိမ့်ဆိုတာ သိလာပါလိမ့်မယ်။ အဓိက က
စာဖတ်အားများဖို့ပဲ အရေးကြီးပါတယ်'' ဟု ပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင်ကျင်းပမည့်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှစ် (၇ဝ) ပြည့် အထိမ်း အမှတ်အခမ်း အနားတွင်ဖျော်ဖြေမှုအနေနဲ့
Emperor တေးဂီတ အဖွဲ့၊ ပြင်ပ အဆိုတော်များဖြစ်သည့် ဇော်ဝင်းထွဋ်၊ ရင်ဂို၊
ဇော်ပိုင်၊ ဝေလ၊ နီနီခင်ဇော်၊ ချမ်းချမ်း၊ ဆုန်သင်းပါရ်၊ သားစိုးနှင့်အဖွဲ့၊
ဝန်ထမ်း အနုပညာရှင်များပါဝင်တဲ့ Live Show အစီအစဉ် ကို ညနေ ၆ နာရီခွဲကနေ ၁ဝ
နာရီအထိ တင်ဆက်သွားမှာဖြစ်သည့်အတွက် တစ်နိုင်ငံလုံးမှ
ပရိသတ်များကြည့်ရှုခံစားနိုင်ရန် MRTV News Channel နှင့် MRTV Intertainment
Channel များမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း၊ ပရိသတ်များ အနေဖြင့်
စောင့်မျှော်ကြည့်ရှုကြ လိမ့်မည်ဟု မျှော်လင့် မိပါကြောင်း စာရေးသူ အနေဖြင့် အကြိုသတင်းကောင်း
အနေဖြင့် ဖော်ပြလိုက်ပါသည်။
တွေ့ဆုံမေးမြန်း-တင်မောင်လွင်၊
ဓာတ်ပုံ-မောင်မွှေး
ဓာတ်ပုံ-မောင်မွှေး
No comments:
Post a Comment