နေပြည်တော်
ဖေဖော်ဝါရီ ၃
ပထမအကြိမ်
ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်းက ဒုတိယအကြိမ်
ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် စတင်တာဝန် ထမ်းဆောင်မည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်း အား ပြည်ထောင်စု လွှတ်တော်နာယကအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်း
အပေါ် ဂုဏ်ပြုစကား ပြောကြားခြင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ
လုပ်ငန်းစဉ်မှတ်တမ်းများ ရှင်းလင်းပြသ ခြင်းတို့ကို ယနေ့နံနက် ၁၁ နာရီ ၂၅ မိနစ်တွင်
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် နာယက ရုံးခန်း၌
ဆောင်ရွက်သည်။
ယင်းသို့
ဆောင်ရွက်စဉ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသော
ဦးအေးသာအောင်နှင့် ပြည်ထောင်စု လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက်
ပြည်ထောင်စုလွှတ်တော်နာယကသည် ဇမ္ဗူသီရိဆောင်ရှိ လွှတ်တော် စာကြည့်တိုက်နှင့်
မှတ်တမ်းမော်ကွန်းဌာန၊ လေ့ကျင့်ရေးဗဟို ဌာနနှင့် သင်တန်းခန်းမ များ၊ e-Library
ခန်းနှင့် ဧည့်သည်တော် လက်ခံတွေ့ဆုံသည့် ခန်းမများကို ကြည့်ရှုသည်။
No comments:
Post a Comment