နေပြည်တော် ဖေဖော်ဝါရီ
၁၀
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊
လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီများ ဖွဲ့စည်းရန်လျာထားမှုနှင့် ဥပဒေကြမ်း
ပူးပေါင်း ကော်မတီဖွဲ့စည်းမှုကို အတည်ပြုခြင်းများ ဆောင်ရွက်ကြသည်။
အစီအစဉ်အရ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းနှင့်
လုပ်ငန်းတာဝန် များကို ရှမ်းပြည်နယ်မဲဆန္ဒနယ်(၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်က ပြည်ထောင်စု
လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်
နာယက မန်းဝင်းခိုင်သန်းက ပြည်သူ့ငွေစာရင်း
ပူးပေါင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာ အောင်၊
ဒုတိယဥက္ကဋ္ဌများအဖြစ် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစောသန်းထွဋ်နှင့် ဇလွန်မဲဆန္ဒနယ်မှ
ဦးအောင်မင်း၊ အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ်(၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊
တွဲဖက်အတွင်းရေးမှူးအဖြစ် တောင်ငူမဲဆန္ဒနယ်မှ ဦးခင်မောင်သန်း တို့အပါအ၀င် ၁၅ ဦးဖြင့်
ဖွဲ့စည်းဆောင်ရွက်သွားရန် လျာထားကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ
ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက
ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
အဆိုပါကော်မတီတွင်
ဥက္ကဋ္ဌအဖြစ် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦး တို့အပါအ၀င် ၁၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် လျာထားကြောင်း
ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်
နာယက က ဥပဒေကြမ်း ပူးပေါင်းကော်မတီ ကို
ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်၊ ဒုတိယ ဥက္ကဋ္ဌများအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းနှင့် နောင်ချို မဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊
အဖွဲ့ဝင်များအဖြစ် ချောင်းဆုံ မဲဆန္ဒနယ်မှ ဒေါ်ခင်ဌေးကြွယ်၊ ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ
ဦးကျော်စိုးလင်း၊ ပုသိမ် မဲဆန္ဒနယ်မှ ဦးဝေလှိုင်ထွန်း၊ လမ်းမတော် မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း၊
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်
အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၊ ချင်းပြည်နယ်
မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဒေါ်နွယ်နွယ်အောင်နှင့်
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်၊ အတွင်း ရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး
မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဥာဏစိုးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ကျိုင်းတုံ မဲဆန္ဒနယ်မှ
ဦးစတီဖန် တို့အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုကြောင်း
ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို နံနက်(၁၀)နာရီခွဲတွင် ရပ်နားလိုက်ပြီး ပုံမှန်အစည်းအဝေး
စတုတ္ထနေ့ကို ဖေဖော်ဝါရီ ၁၁ ရက် တွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။



No comments:
Post a Comment