နေပြည်တော် ဖေဖေါ်ဝါရီ ၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်မိုင်း
ကအိုတီရာ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား
ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ၊ သံတမန်ဆောင်
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့်
နှစ်နိုင်ငံ တပ်မတော် အချင်းချင်း အပြန်အလှန် ချစ်ခင်ရင်းနှီးမှု ပိုမို တိုးတက် မြင့်မားလာရေးနှင့်
စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီး ကိုကို ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊
ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုယ်စားလှယ်
အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ပီစနုဆူဗာနာဂျတာလည်း
တက်ရောက်သည်။
No comments:
Post a Comment