Wednesday, January 27, 2016

အမျိုးသားပြတိုက်(နေပြည်တော်)တည်ဆောက်ပြီးစီးမှု အခြေအနေများကြည့်ရှု


ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ(၂၆)ရက် နံနက် ပိုင်းက အမျိုးသားပြတိုက်(နေပြည်တော်)  အဆောင် C ရှိ သီဟာ သနပလ္လင်ပြခန်း ခင်းကျင်းခြင်းနှင့် တည်ဆောက်ခြင်း၊ အဆောင်(C)နှင့် အဆောင် (E)တို့၏ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးမှု အခြေ အနေများ၊ အဆောင် D ရှိ ပြခန်းများဖြစ်သော မြန်မာ့လက်မှုအနုပညာပြခန်း (D1)၊ အာဆီယံပြခန်း(D2)၊ ကလေး သူငယ်ပြခန်း (D3)နှင့် အထူးပြပွဲ(D4)တို့၏ ပြခန်းများခင်းကျင်းပြသခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမှု များကို ကြည့်ရှုစစ်ဆေးသည်။

အမျိုးသားပြတိုက်(နေပြည်တော်)သည် အဆောင် A, B, C, D နှင့် E ဟူ၍ (၅) ဆောင် ရှိပြီး၊ အဆောင် A နှင့် အဆောင် B ရှိ ပြခန်း (၇)ခန်း ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၁၅) ရက်နေ့က ပထမအဆင့်အဖြစ် ဖွင့်လှစ် ခဲ့ပြီးဖြစ်သည်။ ကျန် အဆောင်များဖြစ်သည့် အဆောင် C ၊ D နှင့် E တို့၏တည်ဆောက်ရေး လုပ်ငန်းများမှာ ယခု ဘဏ္ဍာနှစ်အတွင်း ပြီးစီးမည် ဖြစ်ပါသည်။ ယခုအခါ ဒုတိယအဆင့်ဖွင့်လှစ်မည့်ပြခန်းများမှာ အဆောင် D တွင် မြန်မာ့လက်မှု အနုပညာပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ်ပညာပေးပြခန်းနှင့် အထူးပြပွဲပြခန်း တို့ပါဝင်ပြီး အဆောင် C တွင် သီဟာသနပလ္လင်ပြခန်းပါဝင်မည် ဖြစ်သည်။  အဆိုပါ ပြခန်းများအနက် မြန်မာ့ လက်မှု အနုပညာပြခန်း၊ အာဆီယံပြခန်း၊ ကလေးသူငယ်ပညာပေးပြခန်းများတွင်  Panel  ကာရံခြင်း လုပ်ငန်း များမှာ 90% ပြီးစီးပြီဖြစ်ကာ  ပြခန်းသုံးမီးများတပ်ဆင်ခြင်း လုပ်ငန်းများမှာ 95% ပြီးစီးပြီဖြစ်သည်။ ခင်းကျင်းပြသမှု အထောက်အကူပြုပစ္စည်းများဖြစ်သည့် တင်ခုံများ၊ ပစ္စည်းပြမှန်ဗီရိုများနှင့် ပုံစံတူ၊ ပုံစံ ငယ်များမှာ ပြုလုပ်ဆဲရှိပြီး၊ အဆောင် C အတွင်းရှိ သီဟာသနပလ္လင်ပြခန်း အတွက် သီဟာသနပလ္လင်ပုံစံတူ အစိတ် အပိုင်းများရောက်ရှိနေပြီဖြစ်ကာ မြန်မာမှုအမွှမ်းပန်းများ တပ်ဆင်ခြင်း လုပ်ငန်းများပြီးစီးသည့် အချိန်တွင် တပ်ဆင်ခင်းကျင်းမည် ဖြစ်ကြောင်းသိရှိသည်။ အမျိုးသားပြတိုက် (နေပြည်တော်)၏ တည်ဆောက်ရေး ပြီးစီးမှုအရ မြန်မာ့လက်မှုအနုပညာပြခန်းနှင့် အာဆီယံပြခန်းများကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ် တွင် လည်းကောင်း၊ သီဟာသန ပလ္လင်ပြခန်းနှင့် ကလေးသူငယ် ပညာပေးပြခန်း များကို ၂၀၁၆ ခုနှစ်၊ မတ်လပထမပတ်တွင်လည်းကောင်း အပြီးသတ်ခင်းကျင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


No comments:

Post a Comment